ကချင်ရိုးရာကောက်သစ်စားပွဲသို့မြို့နယ်ပါတီမှတက် ရောက်၍အလှူငွေလှူဒါန်း
ရှမ်းပြည်နယ်(မြောက်ပိုင်း) မန်တုံမြို့၊မြို့မရပ်ကွက်ရှိ ကချင်နှစ်ခြင်းအသင်းတော် ဘုရားကျောင်း၌ ကျင်းပလျှက် ရှိသော ကောက်သစ်စားပွဲသို့ မန်တုံမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးမိုင်းထွန်းအေး၊အတွင်းရေးမှူး ဦးနိုင်ဝင်းထွန်း၊ ကော်မတီဝင်များဖြစ်ကြသော ဦးလှတိန်၊ ဒေါ်ဘောက်စင်နန် တို့တက်ရောက်ခဲ့ကြပြီး ကချင်နှစ်ခြင်းအသင်းတော် အတွက်အလှူငွေများ ပေးအပ်လှူဒါန်းခဲ့သည်။