အီရန်လုံခြုံရေးတပ်ဖွဲ့၏ဆန္ဒပြမှုများကို ဖြိုခွင်းမှု၌ လူ ၄၄၈ ဦးထက်မနည်း သေဆုံးဟု လူ့အခွင့်အရေးအဖွဲ့ ထုတ်ပြန်

အီရန်လုံခြုံရေးတပ်ဖွဲ့က စက်တင်ဘာလလယ်ပိုင်းတွင် စတင်ခဲ့သော ဆန္ဒပြမှုများကို ဖြိုခွင်းရာ၌ လူ ၄၄၈ ဦးထက်မနည်းသေဆုံးခဲ့ဟု လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့က နိုဝင်ဘာ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ယင်းသေဆုံး သူများတွင် မိန်းကလေး ကိုးဦးအပါအဝင် အသက် ၁၈ နှစ်အောက် ကလေး ၆၀ ဦးနှင့် အမျိုးသမီး ၂၉ ဦးပါဝင် သည်ဟု နော်ဝေးအခြေစိုက် အီရန်လူ့အခွင့်အရေးအဖွဲ့(IHR)က ထုတ်ပြန်ခဲ့သည်။ လွန်ခဲ့သည့် သီတင်းပတ် တစ်ပတ် အတွင်း၌ပင် လုံခြုံရေးတပ်ဖွဲ့ကြောင့် လူ ၁၆ ဦး သေဆုံးခဲ့ပြီး ယင်းတို့ထဲမှ ၁၂ ဦးသည် ဆန္ဒပြမှုများ အထူးသဖြင့် မြင့်တက်နေသည့် ကာဒ့်အများဆုံးနေထိုင်သော နေရာများတွင် အသတ်ခံရခြင်းဖြစ်သည်။ ယင်းသေဆုံးသူ အရေအတွက်သည် ဆန္ဒပြမှုများကိုဖြိုခွင်းမှု၌ သေဆုံးခဲ့သော အရပ်သားအရေအတွက်သာဖြစ်ပြီး လုံခြုံရေး တပ်ဖွဲ့ ဝင်များ ပါဝင်ခြင်းမရှိပေ။ အစ္စလာမ်တော်လှန်ရေးအစောင့်တပ်ဖွဲ့မှ ဗိုလ်မှူးချုပ်အမီရာ လီဟာဂျီဇာဒက်က လူ ၃၀၀ ကျော်သေဆုံးကြောင်းထုတ်ပြန်ထားပြီး ယင်းသည်အာဏာပိုင်များက လူသေဆုံးမှု အရေအတွက်ကို  အသိအမှတ်ပြု ထုတ်ပြန်ခြင်းဖြစ်သည်။

 Ref : AFP