မန္တလေးတိုင်းဒေသကြီးပါတီ/ခရိုင်/မြို့နယ်/ရပ်/ ကျေးပါတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
(၃၀-၁၁-၂၀၂၂)ရက်နေ့ နေ့လည်(၂)နာရီအချိန်တွင် ပျော်ဘွယ်မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံး၌ မန္တလေးတိုင်း ဒေသကြီး ပါတီနှင့်ပျော်ဘွယ်မြို့နယ်/ရပ်ကျေးပါတီ ကော်မတီဝင်များလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ် ခဲ့ပါသည်။ အစည်းအဝေးတွင် တိုင်းဒေသကြီးပါတီအတွင်းရေးမှုး ဦးညွန့်ဆောင်နှင့် တိုင်းဒေသကြီး ပါတီကော်မတီ ဝင် ဒေါ်သန်းသန်းအေးတို့ကလာမည့် ရွေးကောက်ပွဲတွင်ကျင့်သုံးမည့် PR စနစ်အကြောင်းအား လည်းကောင်း၊ ပထမ(၃)လပတ်၊ ရက်(၉၀)စီမံချက်ပါလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ ပါတီဝင်အင်အား စိစစ်ရေး၊ပါတီဝင်အသစ်နှင့်ပါတီဝန်းရံသူများ တိုးချဲ့စည်းရုံးရေး၊လူငယ်/ အမျိုးသမီးကဏ္ဍစကားဝိုင်း ဆွေးနွေးပွဲ များစဉ်ဆက်မပြတ်ကျင်းပရေး လုပ်ငန်းစဉ်များအားလည်းကောင်း၊ ပြည်သူလူထုနှင့်ထိတွေ့ဆက်ဆံရာတွင် အသွင်သစ်ဖြင့် ထိတွေ့ဆက်ဆံရေး လုပ်ငန်းစဉ်များအားလည်းကောင်း ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာ သူများမှ သိရှိလိုသည်များ မေးမြန်းမှုအပေါ် တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးညွန့်ဆောင် ကပြန်လည်ရှင်းလင်း ပြောကြားခဲ့ပါသည်။