မှော်ဘီခရိုင်တွင်း လူငယ်နှင့် အမျိုးသမီးများ တွေ့ဆုံဆွေးနွေးပွဲကျင်းပ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ မှော်ဘီခရိုင်မှ လူငယ်၊ အမျိုးသမီးများတွေ့ဆုံညှိနှိုင်း အစည်းအဝေးအား ယနေ့ နေ့လည် (၁)နာရီတွင် မှော်ဘီခရိုင်ရုံး ၌ ကျင်းပရာ အခမ်းအနားသို့ မှော်ဘီခရိုင် ဥက္ကဌ ဦးအေးလွင်၊ မှော်ဘီခရိုင်အတွင်းရေးမှူး ဦးသန်းလွင်နှင့် မှော်ဘီခရိုင် ကော်မတီဝင်များ၊ မှော်ဘီမြို့နယ်နှင့် ထန်းတစ်ပင်မြို့နယ် တို့မှ လူငယ်တာဝန်ခံများ ၊ အမျိုးသမီး တာဝန်ခံများ တက်ရောက်ကြ ပါသည်။

အစည်းအဝေးတွင် ခရိုင်ဥက္ကဌဦးအေးလွင်မှ ရက်(၉၀)စီမံချက်လုပ်ဆောင်မှုများ၊ လူငယ် အမျိုးသမီးများ အနေဖြင့် ရှေ့ဆက်လုပ်ဆောင် ရမည့် လုပ်ငန်းများကို ညွှန်ကြားဆွေးနွေးပြီး၊ ခရိုင်အတွင်းရေးမှူး ဦးသန်းလွင်မှ မှော်ဘီခရိုင်တွင်း လုပ်ဆောင်နေသည့် လုပ်ငန်းများ၊ ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းများအား တင်ပြဆွေးနွေး ပါသည်။ ဆက်လက်ပြီး တက်ရောက်လာကြသည့် ပါတီကော်မတီဝင်များ၊ အမျိုးသမီး၊ လူငယ်များမှ အကြံပြု ဆွေးနွေးကြပြီး အစည်းအဝေးကို နေ့လည် (၂)နာရီတွင် အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။