ဝေါမြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ပါတီတာဝန်ရှိသူများနှင့်တိုင်းဒေသကြီးပါတီဥက္ကဌတွေ့ဆုံဆွေးနွေး

ပဲခူးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်ကော်မတီဝင် တိုင်းဒေသကြီးပါတီဥက္ကဌ ဦးရဲမြင့်ထွန်းနှင့် တိုင်းပါတီကော်မတီဝင်များသည် နိုဝင်ဘာလ ၂၅ ရက်နေ့နံနက်ပိုင်းက ဝေါမြို့နယ် ပြည်ခိုင်ဖြိုး ပါတီရုံးအစည်းအဝေးခန်းမတွင် မြို့နယ်ပါတီဥက္ကဌနှင့် ပါတီ၏တာဝန်ရှိသူများအား တွေ့ဆုံဆွေးနွေးခဲ့သည်။

တွေ့ဆုံခဲ့ ရာတွင် တိုင်းဒေသကြီးပါတီဥက္ကဌ ဦးရဲမြင့်ထွန်းမှနှုက်ခွန်းဆက်အမှာစကားပြောကြားခြင်း ၊ လုပ်ငန်း လမ်းညွန်များ ပြောကြားခြင်း ၊ တိုင်းဒေသကြီးအတွင်း ရက်ပေါင်း ၉၀ လုပ်ငန်းစီမံချက်ရာနှုန်း ပြည့်အောင်မြင် စေရေးကိစ္စများကိုပြောကြားခဲ့သည် ။ တိုင်းပါတီအတွင်းရေးမှူး ဦးအောင်နိုင်မှ ရေးရာကော်မတီများ၏ တာဝန်ခံ များအနေဖြင့် မြေပြင်အထိကွင်းဆင်း၍ဆောင်ရွှက်ရန် တို့ကိုမှာကြားခဲ့ပြီး တိုင်းပါတီကော်မတီဝင်များမှရေးရာ အလိုက်တာဝန်ယူထားမှု ဆောင်ရွှက်နေမှုများအား အသီးသီးရှင်းလင်းခဲ့သည် ။ ခရိုင်ပါတီဥက္ကဌ ဦးအောင်စိုးမှ ခရိုင်ပါတီ၏လုပ်ငန်းစဉ်များအား ချပြဆွေးနွေးခဲ့ပြီး မြို့နယ်ပါတီဥက္ကဌနှင့် ရပ်ကွက်/ကျေးရွာပါတီဥက္ကဌများမှတင်ပြ ဆွေးနွေး အကြံပြုချက်များအား ပါတီတိုင်းဥက္ကဌနှင့်တာဝန်ရှိသူများမှ ပေါင်းစပ်ညှိနှိုင်းဆောင်ရွှက်ခဲ့ပြီး ရှေ့လုပ်ငန်း စဉ်များနှင့် ဆုံးဖြတ်ချက် မူဝါဒများချမှတ်နိုင်ခဲ့သည် ။

တွေ့ဆုံဆွေးနွေးပွဲသို့ ပဲခူးတိုင်းဒေသကြီးပါတီဥက္ကနှင့်တိုင်းကော်မတီဝင်များ ၊ ခရိုင်ပါတီဥက္ကဌနှင့် ခရိုင်ကော်မတီဝင် များ ၊ ဝေါမြို့နယ်ပါတီဥက္ကဌနှင့်မြို့နယ်ကော်မတီဝင်များ ၊ ရပ်ကွက်/ ကျေးရွာအုပ်စုပါတီဥက္ကဌများ တက်ရောက် ခဲ့ကြသည့် နှင့်တာဝန်ရှိသူများမှ ပါတီဝတ်စုံနှင့်ရင်ထိုးတံဆိပ်များတပ်ဆင်၍အမှတ်တရလက်ဆောင်ပေးအပ်သည် ။

#USDP #Bago #Waw