ရမည်းသင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရမည်းသင်းခရိုင်/မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံး၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ရာ ပါတီဗဟို ကော်မတီ ဝင်၊ တိုင်းဒေသကြီးပါတီကော်မတီဝင် ဒေါ်သန်းသန်းအေး၊ ပါတီဗဟိုကော်မတီဝင် ဦးကျော်မြင့်၊ ရမည်းသင်း ခရိုင် ဥက္ကဌဒေါ်သန်းသန်းအေးနှင့် ကော်မတီဝင်များ၊ရမည်းသင်းမြို့နယ်ဥက္ကဌ ဦးသော်တာဆောင်နှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး ရက်(၉၀)စီမံချက်ပါလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရေး ကိစ္စများရှင်းလင်း ခြင်း၊ ပါတီဝင်အင်အားစီစစ်ရေး၊ ပါတီဝင်အသစ်နှင့်ပါတီဝန်းရံအင်အားတိုးချဲ့စည်းရုံးရေးကိစ္စရပ်များ၊ လူငယ်/ အမျိုးသမီးကဏ္ဍ စကားဝိုင်းဆွေးနွေးပွဲများ စဉ်ဆက်မပြတ်ပြုလုပ်ရေး လုပ်ငန်းစဉ်များ ဆွေးနွေးခဲ့ကြပြီး တက်ရောက် လာသူများမှလည်းသိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြပါသည်။