မြစ်သားမြို့နယ်ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
(၂၅-၁၁-၂၀၂၂)ရက်နေ့ နံနက် (၉)နာရီအချိန်တွင် မြစ်သားမြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံး၌ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးပါတီ ကော်မတီဝင် ဦးစန်းမြင့်၊ကျောက်ဆည်ခရိုင် ပါတီဥက္ကဌ ဦးအောင်မြင့်သန်းနှင့်ကော်မတီဝင်များ၊ မြစ်သားမြို့နယ် ဥက္ကဌဦးအောင်ကြည်၊ အတွင်းရေးမှုးဦးသန်းဦး နှင့်ကော်မတီဝင်များ၊ရပ်/ ကျေးပါတီဥက္ကဌများတက်ရောက်ခဲ့ကြပြီး လာမည့်ရွေးကောက်ပွဲတွင်ပြုလုပ်မည့် PR စနစ် အကြောင်းရှင်းလင်းဆွေးနွေးခြင်း၊ ရက်(၉၀)စီမံချက်ပါလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရေး ကိစ္စများ ရှင်းလင်းခြင်း၊ ပါတီဝင်အင်အားစီစစ်ရေး၊ ပါတီဝင်အသစ်နှင့်ပါတီဝန်းရံအင်အား တိုးချဲ့စည်းရုံးရေး ကိစ္စရပ်များ၊ လူငယ်/အမျိုးသမီးကဏ္ဍစကားဝိုင်း ဆွေးနွေးပွဲများစဉ်ဆက်မပြတ် ပြုလုပ်ရေး လုပ်ငန်းစဉ်များ ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများမှလည်းသိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြပါသည်။