မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ လူငယ်၊ အမျိုးသမီးတွေ့ဆုံပွဲနှင့် အချိုးကျကိုယ်စားပြုစနစ်ရှင်းလင်းပွဲ

၂၇-၁၁-၂၀၂၂ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် ဓနုဖြူမြို့နယ်၊ တမြာကျေးရွာအုပ်စု၊ သဌေးကုန်းကျေးရွာ ဦးသန်းဇော်လတ် နေအိမ်တွင် မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးကျင်းပပြုလုပ်သော လူငယ်၊ အမျိုးသမီးတွေ့ဆုံပွဲနှင့် အချိုးကျကိုယ်စားပြုစနစ်ရှင်းလင်းပွဲအခမ်းအနားပြုလုပ်ပါသည်။

အခမ်းအနားသို့ မအူပင်ခရိုင်ပြည်ခိုင်ဖြိုးအတွင်းရေးမှူး ဦးဇော်ထွန်း ကော်မတီဝင်လူငယ်တာဝန်ခံ ဦးနိုင်ကိုကို မြို့နယ်ပါတီဥက္ကဌ ဦးနိုင်ဝင်း အတွင်းရေးမှူး ဦးအောင်ကိုဖြိုးနှင့်ကော်မတီဝင်လူငယ်တာဝန်ခံ ဦးဟံအောင် မြို့နယ် ကော်မတီဝင်များကျေးရွာ ပါတီဥက္ကဌများ ပါတီဝင်များ အင်အား၈၄ ဦးတက်ရောက်ကြောင်း သိရှိရပါသည်။