တရုတ်နှင့်တင်းမာမှုများရှိနေသော်လည်း ထိုင်ဝမ်၌ ဒေသန္တရရွေးကောက်ပွဲကျင်းပ

ထိုင်ဝမ်တွင် နိုဝင်ဘာ ၂၆ ရက်က ဒေသန္တရကြားဖြတ်ရွေးကောက်ပွဲများ စတင်ကျင်းပခဲ့ပြီး ပြည်သူ သန်းပေါင်း များစွာ မဲပေးကြသည်။ ၄ နှစ် တစ်ကြိမ်ကျင်းပသည့် ရွေးကောက်ပွဲများတွင် ဒေသဆိုင်ရာကောင်စီနှင့် မြို့တော်ဝန် များကို ရွေးချယ်ကြသည်။ ထိုင်ဝမ်သည် တရုတ်နှင့် အမေရိကန်အကြားတွင် ပထဝီဝင်နိုင်ငံရေးအရ ပဋိပက္ခ အချက်အချာဖြစ်သောကြောင့် ကမ္ဘာ့နိုင်ငံများက ယခုနှစ် ရွေးကောက်ပွဲကို အာရုံစိုက်လာကြသည်။ ယခ ုရွေးကောက်ပွဲ သည် မဲပေးနိုင်မည့်အသက်အရွယ်ကို ၁၈ နှစ်အထိ လျှော့ချနိုင်မည့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲလည်း ပါဝင်နေသည်။ လက်ရှိအချိန်တွင် အသက် ၂၀ နှစ်နှင့်အထက်သာ မဲပေးနိုင်သည်။ သို့သော် လူငယ်များသည် နိုင်ငံရေးအသိပိုရှိလာပြီး ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲသည် လူငယ်များမဲပေးမှု အများဆုံး ဖြစ်ခဲ့သည်။ လူငယ်များက ၎င်းတို့ဘဝတစ်လျှောက်လုံး၌ နိုင်ငံရေးစကားဝိုင်းများ၏ အကြီးမားဆုံး ပြဿနာတစ်ရပ်ဖြစ်သည့် တရုတ ်ခြိမ်းခြောက်မှု တွန်းအားကြောင့် မဲပေးရခြင်းဖြစ်သည်ဟု BBC သို့ ပြောသည်။ ထိုင်ဝမ်တွင် အဓိကနိုင်ငံရေးပါတီ နှစ်ခုရှိပြီး တရုတ်နိုင်ငံကို ချဉ်းကပ်ပုံချင်း ကွဲပြားသည်။

ကွန်ဆာဗေးတစ် စီးပွားရေးချန်ပီယံများပါတီဖြစ်သော ကူမင်တန် (KMT) ပါတီကို အစဉ်အလာအရ တရုတ် လိုလားသော ငြိမ်းချမ်းရေးဘက်တော်သားများအဖြစ် ရှုမြင်ကြသည်။ အဓိကပြိုင်ဘက်မှာ အာဏာရ ဒီမိုကရက်တစ ်ပြည်သူ့ပါတီ (DPP) ဖြစ်ပြီး ပါတီခေါင်းဆောင်မှာ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရခဲ့သော စိုင်အင်ဝမ်ဖြစ်သည်။ စိုင်အင်ဝမ်က တရုတ်အနေဖြင့် ထိုင်ဝမ်ကို လေးစားကြောင်း ပြသရန် လိုအပ်ကြောင်းနှင့် ထိုင်ဝမ်သည်ဖိအားများကို ဦးညွတ်မည်မဟုတ်ကြောင်း တရုတ်နိုင်ငံအပေါ် ခိုင်မာသော ရပ်တည်ချက် ချမှတ်ထား သည်။