လှည်းကူးခရိုင် ပြည်ခိုင်ဖြိုးပါတီ ခရိုင်ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးခရိုင် ပြည်ခိုင်ဖြိုးပါတီ၏ ခရိုင်ပါတီကော်မတီအစည်းအဝေးအား နိုဝင်ဘာလ ရက်၂၂ နေ့ နေ့လည် ၁၀:၀၀ မှ နေ့လည်၁၂:၃၀ အချိန်အထိ ခရိုင်ပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ရှေးဦးစွာ လှည်းကူးခရိုင်ပါတီဥက္ကဌ  ဦးအောင်မျိုးနိုင် နှင့် ခရိုင်အတွင်းရေးမှူး မှ တိုင်း ညွှန်ကြားချက် များ၊ကဏ္ဍ အလိုက် နယ်မြေအလိုက် ရေးရာအလိုက်စီမံဆောင်ရွှက်နေမူများ မီဒီယာကဏ္ဍ ၊ လူငယ်နှင့်အမျိုးသမီးရေးရာ ကိစ္စရပ်များအားဆွေးနွေးခဲ့ပြီး၊လက်ရှိ ဆောင်ရွှက်နေသောလုပ်ငန်းများ မြေပြင်အခြေနေများ အခက်ခဲများ ထိတွေ့ စည်းဝေးခြင်း ဆိုင်ရာမှတ်စုများအား သက်ဆိုင်ရာ အောင်နိုင်ရေး နယ်မြေ ခရိုင်ကော်မတီဝင်များမှ တင်ပြရှင်းလင်း ခဲ့ပြီး တင်ပြချက်များအပေါ် စုပေါင်း၍မှတ်ချက်ပြုခြင်း  စည်းကမ်းများသတ်မှတ်ခြင်း ဆုံးဖြတ်ချက်ချခြင်း ရှေ့လုပ်ငန်းစဉ် များအားတိုင်ပင်ဆွေးနွေးခြင်းများအား ဆောင်ရွှက်ခဲ့ပြီး အစည်းအဝေးကိုရုတ်သိမ်းခဲ့ပါသည်။

လှည်းကူးခရိုင် USDPမီဒီယာ