ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မရမ်းကုန်းခရိုင် လူငယ်တွေ့ဆုံပွဲနှင့် လူငယ် စကားဝိုင်း ကျင်းပ
ရန်ကုန်တိုင်းဒေကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မရမ်းကုန်းခရိုင်မှဦးစီး၍ ခရိုင်အတွင်းရှိ လူငယ် တာဝန်ခံများ၊ ပါတီဝင်လူငယ်များပါဝင်သည့် လူငယ်တွေ့ဆုံပွဲနှင့် လူငယ်စကားဝိုင်းကို မရမ်းကုန်းခရိုင် မြောက်ဥက္ကလာပမြို့နယ် ပါတီရုံးတွင် ၂၁.၁၁.၂၀၂၂ မွန်းလွဲ (၃) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါတွေ့ဆုံပွဲတွင် လူငယ်များ၏ အမြင်သဘောထားများ၊ အခြားသော လိုအပ်ချက်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည် အဆိုပါစကားဝိုင်းသို့ ရန်ကုန်တိုင်းဒေသကြီး ကော်မတီဝင် ဦးနေဝင်း၊ မရမ်းကုန်းခရိုင်ဥက္ကဌ ဦးမင်းသိန်းထွန်းနှင့် ခရိုင်ကော်မတီဝင်များ၊ မြို့နယ်ဥက္ကဌ များ၊ ရန်ကုန်တိုင်းလူငယ်တာဝန်ခံ ဒေါ်ဇာခြည်လင်းနှင့် မြို့နယ်အသီးသီးရှိ လူငယ်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။