မကွေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကျေးရွာအုပ်စု ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ
မကွေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးတင်မျိုးဇော် နှင့်မြို့နယ်ပါတီကော်မတီဝင် ဒေါ်ခင်သီတာထွန်းတို့သည် မြို့နယ်အတွင်းရှိ မိကျောင်းရဲကျေးရွာအုပ်စုရှိ အမာခံပါတီကော်မတီဝင်များနှင့် ကွင်းဆင်းတွေ့ဆုံဆွေးနွေးခဲ့သည် ။ တွေ့ဆုံခဲ့ရာတွင် ပါတီ၏ပြုပြင်ပြောင်းလဲနေမှု တိုင်းပါတီဥက္ကဌ၏ လမ်းညွန် မှာကြားမှု ၊PRစနစ် ၊ဗဟိုညီလာခံအတွေ့အကြုံ၊ ပါတီဗဟို ၊ တိုင်း ၊ ခရိုင် ၊ မြို့နယ်ပါတီ၏လုပ်ငန်းများ ဆောင်ရွက် နေမှု ရက် ၉၀ လုပ်ငန်းစီမံချက်အောင်မြင်စွာဆောင်ရွက်နိူင်ရေး ပါတီ၏ရပ်တည်ချက် နိုင်ငံရေး သဘောထား များအား
ချပြရှင်းလင်းခဲ့သည် ။