အမရပူရခရိုင်ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲအခမ်းအနားကျင်းပပြုလုပ်

(၂၀-၁၁-၂၀၂၂)ရက်နေ့ နံနက်(၉)နာရီအချိန်တွင် အမရပူရခရိုင်ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင်ပွဲအခမ်းအနားအား အမရပူရခရိုင်ပါတီရုံးတွင်ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးမျိုးမြင့်၊ ဦးကျော်စန်း၊ ဦးသိန်းထွန်းဦး၊ အမရပူရခရိုင်/မြို့နယ်ပါတီဥက္ကဌ ဒေါ်စောမြိုင်၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးဇော်အောင်ထက် နှင့်ခရိုင်ပါတီကော်မတီဝင်များ၊ အမရပူရမြို့နယ်ပါတီအတွင်းရေးမှူး ဦးအောင်ခိုင်စိုးနှင့်မြို့နယ် ပါတီ ကော်မတီဝင် များ၊ ရပ်/ကျေးပါတီဥက္ကဌများတက်ရောက်ခဲ့ကြပြီး မင်္ဂလာအချိန်တွင် ခရိုင်ပါတီရုံးဆိုင်းဘုတ်အား တာဝန်ရှိသူများမှ အမွှေးနံ့သာရည်များပက်ဖျန်းကာ ရုံးရှေ့မျက်နှာစာတွင်တင်ခဲ့ကြောင်းသိရှိရပါသည်။