လှည်းကူးခရိုင် ကြာအင်းဒေသအောင်နိုင်ရေး ဒေသနယ်မြေ(၂) အတွင်းရှိပြည်ခိုင်ဖြိုးပါတီမှ ရပ်ကျေးပါတီဝင်များ လူငယ် အမျိုးသမီး များနှင့် ကြားနေပြည်သူများ တွေ့ဆုံပွဲ
လှည်းကူးခရိုင် ကြာအင်းဒေသအောင်နိုင်ရေး ဒေသနယ်မြေ(၃) အတွင်းရှိ ပြည်ခိုင်ဖြိုးပါတီ မှ ရပ်ကျေးပါတီဝင်များ လူငယ် / အမျိုးသမီး များနှင့် ကြားနေပြည်သူများ တွေ့ဆုံပွဲအား ယနေ့နံနက်၁၀ နာရီ မှ ၁၂.၃၀ နာရီ အထိ လှည်းကူးခရိုင် ပါတီရုံး၌ ကျင်းပခဲ့ရာ လှည်းကူး ခရိုင်ပါတီဥက္ကဌ. ဦးအောင်မျိုးနိုင်မှ ဦးဆောင်ပြီး ခရိုင် အတွင်းရေးမှူး ဦးသန်းဇော်၊ ခရိုင်EC များ၊ မြို့နယ် နယ်မြေတာဝန်ခံများ နှင့် လူငယ်အဖွဲ့များ၊ စိတ်ပါဝင်စား သူများနှင့်အတူ ပါတီ အောင်နိုင်ရေး အတွက် အပြန်အလှန် တွေ့ဆုံဆွေးနွေးခြင်းများပြုလုပ်ခဲ့ကြပါသည်။