International Conference of Asian Political Parties (ICAPP) အထွေထွေညီလာခံတက်ရောက်ရန် ပြည်ခိုင်ဖြိုးပါတီမှ တာဝန်ရှိသူများသွားရောက်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်၊ အပြည်ပြည်ဆိုင်ရာအာရှနိုင်ငံရေးပါတီများ ညီလာခံ (ICAPP) အမြဲတမ်းကော်မတီဝင် ဦးမောင်မြင့်နှင့် ပါတီဗဟိုအတွင်းရေးမှူး ဦးသူရိန်ဇော်တို့သည် International Conference of Asian Political Parties (ICAPP) မှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့မှ ၂၀ ရက် နေ့ထိ တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့တွင် ကျင်းပမည့် (၁၁)ကြိမ်မြောက် (ICAPP) အထွေထွေညီလာခံသို့ တက်ရောက်ရန်အတွက် ယနေ့ညနေ (၁၈၁၀)နာရီအချိန်တွင် ရန်ကုန် – ဘန်ကောက် – အစ္စတန်ဘူလ် လေကြောင်းခရီးစဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားခဲ့ကြပါသည်။

ထိုသို့ ထွက်ခွာရာသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ရန်ကုန်တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ နိုင်ငံတကာရေးရာကော်မတီမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လိုက်ပါပို့ဆောင် နှုတ်ဆက်ခဲ့ကြပါသည်။