အမျိုးသားနေ့အထိမ်းအမှတ် ဟောပြောပွဲကျင်းပ

ဘိုကလေး နိုဝင်ဘာ ၁၇

ယနေ့ကျရောက်သည့် အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် နံနက်(၉:၃၀)အချိန်တွင် ဘိုကလေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးခန်းမတွင် ဟောပြောပွဲကျင်းပခဲ့ပြီး ပါတီဥက္ကဌ ဦးလှဌေးမှ ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ တက်ရောက်လာသည့် ဝါရင့်နိုင်ငံရေးသမား ​ဒေါ်မြကြည်မှ အမျိုးသားနေ့ဖြစ်ပေါ်လာရသည့်သမိုင်းကြောင်းအား ဆွေးနွေးဟောပြောခဲ့ပြီး YMBA အဖွဲ့ဝင် ဦးတင်မောင်ထွေးမှ အမျိုးသားရေးစိတ်ဓာတ်ရှင်သန်ထက်မြက်စေရေးအကြောင်း ဆွေးနွေး ဟောပြောခဲ့ပါသည်။ ပြည်ခိုင်ဖြိုးပါတီ အရန်မြို့နယ်ကော်မတီဝင် လူငယ်ဒုခေါင်းဆောင် ဦးဝင်းဇော်ဦးမှ အမျိုးသားရေးနှင့်ပတ်သက်သည့် ပါတီ၏မူဝါဒ၊ လုပ်ငန်းစဉ်များအား ဆွေးနွေးခဲ့ပြီး နေ့လည်၁၁နာရီအချိန်တွင် ပြီးစီးခဲ့ပါသည်။ တက်ရောက်အင်အားမှာ ပြည်ခိုင်ဖြိုးပါတီဥက္ကဌ၊ အတွင်းရေးမှူးနှင့် မြို့နယ်ကော်မတီဝင် ၁၁ဦး၊ ရပ်ကျေးပါတီဥက္ကဌ ၂၄ဦး၊ စစ်မှုထမ်းဟောင်းမြို့နယ်ဥက္ကဌ၅ဦး၊ တစညမြို့နယ်ကော်မတီဝင်  ၄ဦး၊ အမျိုးသားရေး အင်အားစု ၁၂ဦး စုစုပေါင်း ၅၆ ဦး တက်ရောက်ခဲ့ပါသည်။