အရက်မူးနေရင် ကား ပေးမမောင်းတဲ့ Volvo ရဲ့ လျှပ်စစ်ကား

သင် အရက်မူးနေတဲ့ အချိန်၊ အိပ်ငိုက်နေတဲ့အချိန်၊ စိတ်အနှောင့်အယှက် ဖြစ်နေတဲ့ အချိန်မှာ ကားမောင်းရင် အန္တရာယ် ရှိပါတယ်။ အဲဒီအချိန်တွေမှာ သင့်ကားက သင့်ကို ပေးမမောင်းရင် ဘေးကင်းစေမှာပါ။

Volvo က ယာဉ်မောင်းသူကို ကားက နားလည်တဲ့ စနစ် ၁ ခုကို ကြေညာလိုက်ပြီး အဲဒီ လုပ်ဆောင်ချက်ကို နိုဝင်ဘာလမှာ ရောင်းမယ့် စွမ်းရည်မြင့် EX90 လျှပ်စစ်ကားမှာ ထည့်သွင်းပေးမှာပါ။ အဲဒီနည်းပညာမှာ LIDAR ဆန်ဆာတွေကို အသုံးပြုထားပြီး ဆန်ဆာတွေက ယာဉ်မောင်းရဲ့ မျက်လုံးကို လေ့လာဆန်းစစ်ကာ အရက်မူးနေသလား၊ အိပ်ငိုက်နေသလားဆိုတာကို သိနိုင်ပါတယ်။

ယာဉ်မောင်းက အရက်မူးနေရင်၊ အိပ်ငိုက်နေရင် ကားက အရှိန်ကို အလိုလို လျှော့ချပေးမှာ ဖြစ်ပြီး ကားကို ရပ်တန့်လိုက်မှာ ဖြစ်ပါတယ်။ Volvo ရဲ့ ဘေးကင်းလုံခြုံရေး ပညာရှင် Emma Tivesten က “ ကျွန်တော်တို့ သုတေသနက ယာဉ်မောင်းရဲ့ မျက်လုံးကို လေ့လာဆန်းစစ်ခြင်းဖြင့် မောင်းသူရဲ့ အခြေအနေကို အများကြီး ပြောပြနိုင်ပါတယ်။ “ လို့ ပြောပါတယ်။

Volvo ရဲ့ အခုနည်းပညာဟာ ယာဉ်မောင်းသူတွေကို ဘေးကင်း လုံခြုံစေမလားဆိုတာကတော့ စောင့်ကြည့်ရမှာပါ။ တခြား လျှပ်စစ်ကား ကုမ္ပဏီတွေကလည်း အလားတူ နည်းပညာတွေကို ဖန်တီးလာနိုင်ပါတယ်။

Ref : futurism