ကျေးလက် စကားဝိုင်းနှင့် အလှူငွေပေးအပ်လှူဒါန်း

လားရှိုး နိုဝင်ဘာ ၁၅

ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ၏ ကျေးလက်စကားဝိုင်းအား လားရှိုးမြို့နယ် ဆုံကွယ်ကျေးရွှာတွင် ယနေ့ညနေ(၄)နာရီ  အချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ  ပြည်နယ်ပါတီ ဥက္ကဌ ဒေါက်တာမျိုးထွန်း ၊အတွင်းရေးမှူး​​ ဒေါက်တာလဆိုင်းနှင့် ကော်မတီဝင်များ ကျေးရွာမှလူငယ်/အမျိုးသမီးများ တက်ရောက် ဆွေးနွေးခဲ့ကြပြီး ပါတီမှ ဆုံကွယ်ကျေးရွာ ရှမ်းစာပေနှင့် ယဉ်ကျေးမူ့အဖွဲ့ နှင့် အေတီတပ်ဦးကျောင်းတိုက်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ပါသည်။