ပဲခူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ မြို့နယ်အတွင်းရှိ ရပ်ကျေးပါတီဝင်များနှင့် ကွင်းဆင်းတွေ့ဆုံဆွေးနွေး
ပဲခူး နိုဝင်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌဦးမင်းခန့်ကျော်နှင့် ခရိုင်ဘဏ္ဍာရေးမှူး မြို့နယ်ပါတီကော်မတီဝင်များ နယ်မြေတာဝန်ခံများလိုက်ပါလျှက် နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ ပဲခူးမြို့နယ်အစပ်ရှိ ဇောင်းတူအုပ်စု၊ အဆိပ်တောင်အုပ်စု၊ သံစို့ပင်ကျေးရွာအုပ်စုများသို့ နယ်မြေကွင်းဆင်း၍ ကျေးရွာအုပ်စုများရှိ ပါတီတာဝန်ရှိသူများ ပါတီဝင်များနှင့်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံခဲ့ရာတွင် မြို့နယ်ပါတီဥက္ကဌဦးမင်းခန့်ကျော်မှ ပါတီ၏ ပြုပြင်ပြောင်းလဲနေသောလုပ်ငန်းစဉ်များ မူဝါဒနှင့် ရပ်တည်ချက်သဘောထားများ ဗဟို တိုင်း ခရိုင် မြို့နယ်အဆင့်မှလုပ်ဆောင်နေသောပါတီ၏ကိစ္စရပ်များ တိုင်းဒေသကြီးပါတီဥက္ကဌ၏ လမ်းညွန်မှာကြားချက်များ PR စနစ် အကြောင်း ဆွေးနွေးခြင်း ရေးရာကဏ္ဍ ဖွဲ့စည်းနေမှုများအား ရှင်းလင်းခဲ့သည်။ ရောက်ရှိကွင်းဆင်းခဲ့သောကျေးရွာများမှ ရပ်ကျေး ပါတီတာဝန်ရှိသူများ ပါတီဝင်များ ကျေးရွာခွဲပါတီခေါင်းဆောင်များမှ ပရဟိတလူမှုရေးအသင်းအဖွဲ့ ခေါင်းဆောင်များမှ မိမိတို့ ကျေးရွာများ၏ ရင်ဆိုင်ကြုံတွေ့နေရသောအခက်အခဲများ နယ်မြေအတွင်း ပါတီအပေါ်အမြင်သဘောထားများ ဒေသဆိုင်ရာလိုအပ်ချက်များ စသည်တို့ကိုအကြံပေးတင်ပြဆွေးနွေးခဲ့သည်။ ဆွေးနွေးတင်ပြချက်များအပေါ် မြို့နယ်ပါတီဥက္ကဌနှင့် ပါတီတာဝန်ရှိသူများမှ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိုနှိုင်း ဖြည့်ဆည်းချိတ်ဆက် ဆောင်ရွှက်ပေးခြင်း မှတ်သားခြင်း တို့ကိုဆောင်ရွှက်ခဲ့သည် ။
ပဲခူးမြို့နယ်ပါတီအနေဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက် / ကျေးရွာများရှိ ပါတီတာဝန်ရှိသူများ ပါတီဝင်များနှင့် စဉ်ဆက်မပြတ် တွေ့ဆုံဆွေးနွှေးလျှက်ရှိပြီး သုံးလတာ လုပ်ငန်းစဉ်များ ရာနှုန်းပြည့် ပြီးစီးလုပ်ဆောင်နိုင်ရေး ဆောင်ရွှက်လျှက်ရှိသည်။ ယနေ့တွေ့ဆုံဆွေးနွေးပွဲတွင် ကျေးရွာအုပ်စု ၃ ခုမှ ကျေးရွာခွဲ ၁၉ ရွာ ရှိ ပါတီခေါင်းဆောင်များ ရေးရာတာဝန်ခံများနှင့်ပါတီ၏အမာခံများတွေ့ဆုံဆွေးနွေးနိုင်ခဲ့သည်။