လာပေါ်တီနှင့် ရိုဒရီ တို့ စပိန်အသင်းတွင်ပါဝင်

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် စပိန်အသင်းရဲ့ အပြီးသတ်လူစာရင်းကို ထုတ်ပြန်ခဲ့ရာမှာ မန်စီးတီးအသင်းက လာပေါ်တီ နဲ့ ရိုဒရီ တို့ ပါဝင်ခဲ့ပါတယ်။ နောက်ခံလူ လာပေါ်တီဟာ စပိန်အသင်းအတွက် ၁၅ ပွဲ ကစားပေးထားသူ ဖြစ်သလို ကွင်းလယ်လူ ရိုဒရီကလည်း ၃၄ ပွဲထိ ပါဝင်ကစားထားတာပါ။ သောကြာနေ့က ထုတ်ပြန်တဲ့ စပိန် အသင်း ရဲ့ ၂၆ ဦးစာရင်းမှာ ဝါရင့်ကစားသမားတွေဖြစ်တဲ့ ဂိုးသမား ဒီဂီယာ၊ နောက်ခံလူ ရာမို့စ် နဲ့ ကွင်းလယ်လူ သီယာဂို တို့ကတော့ ချန်လှပ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ချဲလ်ဆီးနောက်ခံလူ အက်ဇ်ပီလီကူတာ၊ ဘရိုက်တန်ဂိုးသမား ရောဘတ်ဆန်းချက်ဇ် နဲ့ ဘရန့်ဖို့ဒ်ဂိုးသမား ဒေးဗစ်ရေယာ တို့ကလည်း ပရီးမီးယားလိဂ်ကနေ ရွေးချယ်ခံရတဲ့ ကစားသမား ၅ ယောက်ထဲမှာ ပါဝင်ခဲ့တာပါ။ စပိန်အသင်းနည်းပြ အန်းနရစ်အနေနဲ့ ဒဏ်ရာပြဿနာကြောင့် လက်ရွေးစင်အသင်းနဲ့ ၂ နှစ်နီးပါး ဝေးကွာနေခဲ့တဲ့ လူငယ်တိုက်စစ်မှူး အန်ဆူဖာတီ ကိုလည်း ပြန်လည်ရွေးချယ် ခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့ဖူးတဲ့ စပိန်အသင်းအနေနဲ့ ကာတာကမ္ဘာ့ဖလားပွဲ မှာတော့ အုပ်စု E မှာ ဂျာမနီ၊ ကော်စတာရီကာ၊ ဂျပန် အသင်းတို့ နဲ့အတူ ပါဝင်နေပါတယ်။