မဟာအောင်မြေခရိုင် ၊ ပြည်ကြီးတံခွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ အမျိုးသမီးစကားဝိုင်းဆွေးနွေးပွဲပြုလုပ်
မဟာအောင်မြေခရိုင် ၊ ပြည်ကြီးတံခွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ အမျိုးသမီးစကားဝိုင်းဆွေးနွေးပွဲကို (၁၃.၁၁.၂၀၂၂)ရက်နေ့ နံနက်(၉)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ … တိုင်း အမျိုးသမီးတာဝန်ခံ ဒေါ်သန်းသန်းအေး၊ ဗဟိုကော်မတီဝင် ဒေါ်လှလှအေး တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးအောင်နိုင်ဦး၊ ဦးမျိုးမြင့်၊ ဒေါ်ဝါဝါလှိုင်၊ မဟာအောင်မြေ ခရိုင်ပါတီဥက္ကဌ ဦးမြင့်သန်း၊ အတွင်းရေးမှူး ဦးဝင်းလှိုင်ငြိမ်း၊ ဘဏ္ဍာရေးမှူး ဦးသန်းစိုး၊ ခရိုင်ကော်မတီဝင် ဒေါက်တာမြင့်မြင့်ဌေး၊ ဦးစံရ၊ မြို့နယ်ဥက္ကဌ ဦးစိုးအေး နှင့် မြို့နယ်ကော်မတီဝင်များ ၊ အမျိုးသမီးရေးရာ ကဏ္ဍတာဝန်ခံနှင့် ပါတီဝင်အမျိုးသမီးများ တက်ရောက်ခဲ့ကြပြီး “အမျိုးသမီးနှင့် နိုင်ငံရေး၊ အမျိုးသမီး နှင့် ဥပဒေ ” ခေါင်းစဉ်ဖြင့်ဆွေးနွေးပွဲစကားဝိုင်း ကျင်းပခဲ့ပါသည်။
အဆိုပါစကားဝိုင်းသို့ အင်အား ၆၆ ယောက် တက်ရောက်ခဲ့ပြီး အခမ်းအနားကို နံနက် ၁၁ နာရီအချိန်တွင် ကျင်းပပြီးစီးခဲ့ပါသည်။