ပဲခူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီနှင့် ပါတီအားဝန်းရံသူများ တွေ့ဆုံ

ပဲခူး

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စုများမှ ပါတီအားဝန်းရံထောက်ခံအားပေးသူ ပါတီအကြီးအကဲများနှင့်တွေ့ဆုံဆွေးနွေးပွဲအား နိုဝင်ဘာလ ၁၀ ရက်နေ့ မွန်းလွှဲပိုင်းက မြို့နယ်ပါတီရုံးအစည်းအဝေးခမ်းမတွင် တွေ့ဆုံခဲ့သည်။

ရှေးဦးစွာမြို့နယ်ပါတီဥက္ကဌ ဦးမင်းခန့်ကျော် မှ နှုတ်ခွန်းဆက် အမှာစကားပြောကြားခဲ့ရာတွင် ပါတီတွင်း ပြုပြင်ပြောင်းလဲမှု ဗဟိုညီလာခံအတွေ့အကြုံများ ပါတီဗဟို၏ ပါတီဝန်းရံအားပေးသူများအပေါ် ထားရှိသော သဘောထား အမှာစကားများ ဗဟိုဥက္ကဌ၏ရပ်တည်မှုသဘောထားများ တိုင်းပါတီဥက္ကဌ၏လမ်းညွန်မှာကြားမှု နိုင်ငံရေးအခြေနေအရပ်ရပ်ဖြစ်စဉ်များအား ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက်မြို့နယ်ကော်မတီဝင်များမှ မိမိတို့နယ်မြေအလိုက် ပါတီဝင်စုစည်းမှု ပါတီအမာခံများအား ထိတွေ့မှုများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသော ရပ်ကွက် / ကျေးရွာအုပ်စုအလိုက် ပါတီအကြီးအကဲများမှ နယ်မြေဒေသအလိုက် ပါတီ၏အခြေနေ ပါတီဝင်များ၏ အခက်အခဲကိစ္စရပ်များအား ရှင်းလင်းတင်ပြခဲ့ရာ မြို့နယ်ပါတီဥက္ကဌနှင့် ပါတီတာဝန်ရှိသူများမှ တင်ပြချက်များပေါ်ဖြည့်ဆည်းပေါင်းစပ်ညှိုနှိုင်းဆောင်ရွှက်ခဲ့ကြောင်းသိရသည် ။

အခမ်းအနားအပြီးတွင် မြို့နယ်ပါတီဥက္ကဌနှင့် မြို့နယ်အမျိုးသမီးရေးရာ တာဝန်ခံမှ ရပ်ကွက်/ကျေးရွာအလိုက် အမျိုးသမီးတာဝန်ခံများနှင့် သီးသန့်တွေ့ဆုံခဲ့ပြီး မြို့နယ်အတွင်းအမျိုးသမီးကဏ္ဍ ပါတီဝင်များ ပိုမိုတောင့်တင်း ခိုင်မာလာစေရေးအတွက် ဆွေးနွေးခဲ့သည်။