Covid-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ်(၄၄) ဦး တွေ့ရှိ

COVID-19 ဓာတ်ခွဲနမူနာ ၆၉၅၁  ခုအားစစ်ဆေးရာ အတည်ပြုလူနာသစ် ၄၄ ဦး တွေ့ရှိ ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၏ နိုဝင်ဘာ ၇ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ဓာတ်ခွဲစစ်ဆေးမှုများမှာ နိုဝင်ဘာ ၆ ရက်  ည ၈ ညနာရီမှ နိုဝင်ဘာ ၇ ရက် ည ၈ နာရီအထိ စစ်ဆေးခဲ့သည့် စစ်ဆေးမှုများဖြစ်ကြောင်း သိရသည်။

ယင်းကြောင့် COVID-19 ဓါတ်ခွဲ နမူနာ စတင်စစ်ဆေးစဉ်မှ နိုဝင်ဘာ ၇ ရက် ည ၈ နာရီအထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၉၄၇၄၇၄၅ ခုအား စစ်ဆေးခဲ့ပြီး ဓာတ်ခွဲအတည်ပြုလူနာပေါင်း ၆၃၂၃၁၈ ဦး ရှိကာ ‌သေဆုံးသူ မရှိ‌‌ကြောင်း သိရသည်။ ထို့‌ကြောင့် နိုဝင်ဘာ ၇ ရက်အထိ‌သေဆုံးသူစုစုပေါင်းမှာ ၁၉၄၈၅ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

ထို့ပြင် နိုဝင်ဘာ ၇ ရက်တွင် ပြန်လည်ကောင်းမွန်လာသူ ၇၄ ဦးရှိသဖြင့် နိုဝင်ဘာ ၇ ရက်အထိ ပြန်လည်ကောင်းမွန်လာသူ စုစုပေါင်း ၆၀၆၅၅၉ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီ ၂၈ ရက်မှ အောက်တိုဘာ ၁၅ ရက်အထိ ‌ တွေ့ရှိရသော COVID-19 ရောဂါဖြစ်ပွားသူများနှင့် သေဆုံးသူများ၏ ရောဂါကာကွယ်ဆေး ထိုးနှံထား ရှိမှု အခြေအနေများကို ဆန်းစစ်ချက်အရ COVID-19 ရောဂါဖြစ်ပွားသူ စုစုပေါင်း၏ (၉၀.၄) ရာခိုင် နှုန်းနှင့် COVID-19 ရောဂါကြောင့် သေဆုံးသူ စုစုပေါင်း၏ (၈၀.၉) ရာခိုင်နှုန်းတို့မှာ ကာကွယ်ဆေးလုံးဝ ထိုးနှံထားခြင်းမရှိသူများနှင့် ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံထားခြင်း မရှိသူများ ဖြစ် ကြောင်း  တွေ့ရှိရ‌ကြောင်း ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။MOH