ပြည်ခိုင်ဖြိုးပါတီဌာနချုပ်၊ ဦးစီးရုံးဝန်ထမ်းမိသားစုများမှ စုပေါင်းမဟာဘုံကထိန်ဆက်ကပ်လှူဒါန်း

နေပြည်တော် နိုဝင်ဘာ ၇

နေပြည်တော်၊ ဒက္ခိဏမြို့နယ်၊ ရန်အောင်မြင်ကျေးရွာ၊ ထန်းတောကျောင်းတိုက်၌ ပြည်ခိုင်ဖြိုးပါတီဌာနချုပ်၊ ဦးစီးရုံးဝန်ထမ်းမိသားစုများမှ စုပေါင်းမဟာဘုံကထိန် ဆက်ကပ်လှူဒါန်းပွဲပြုလုပ်ခဲ့ပါသည်။

ဆက်ကပ်လှူဒါန်းပွဲသို့ ပြည်ခိုင်ဖြိုးပါတီဌာနချုပ်မှ ဌာနမှူးများ၊ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများ၊ အလှူရှင်များ တက်ရောက်ခဲ့ကြပါသည်။

လှူဒါန်းမှုများမှာ ငွေပဒေသာပင် (၁၀)သိန်းကျပ်၊ လှူဖွယ်ပစ္စည်းပဒေသာပင် (၄၂၃၃၀၀)ကျပ်၊ ဆရာတော်အား အလှူငွေ (၁၄၀၀၀၀) ကျပ်စုစုပေါင်း (၁၅၆၃၃၀၀)ကျပ် ဖြစ်ပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း သိရပါသည်။