တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ၃ ရက်ကြာကျင်းပမည်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်ကို လာမယ့်နိုဝင်ဘာ ၇ ရက်ကနေ ၉ ရက် အထိ သုံးရက်ကြာ ကျင်းပသွားမယ်လို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဆီက သိရပါတယ်။ အဲဒီပွဲတော်မှာတော့ မီးပဒေသာ လှည့်လည်ပူဇော်ပွဲ၊ စိန်နားပန်အလှမီး လွှတ်တင်ပူဇော်ပွဲ၊ မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲတွေ ပြုလုပ်သွားမှာပါ။ အဝေရာ မီးပုံးပျံကွင်းမှာတော့ ဈေးဆိုင်ခန်းတွေနဲ့မီးပုံးပျံလွှတ်တင်တာတွေ ပြုလုပ်သွား မယ်လို့ဆိုပါတယ်။

ပွဲတော်ရက် နေ့လယ်ပိုင်းမှာ နေ့လွှတ်အရုပ်မီးပုံးပျံပြိုင်ပွဲ၊ ရိုးရာဈေးရောင်းတာတွေနဲ့ ညပိုင်းမှာတော့ စိန်နားပန် မီးပုံးပျံ လွှတ်တင်တာတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။ နေ့လွှတ်အရုပ်မီးပုံးပျံ ပြိုင်ပွဲမှာ ဆုနှစ်မျိုး ချီးမြှင့်သွား မှာဖြစ်ပြီး ပထမဆုကို ကျပ် ၁၀ သိန်း၊ ဒုတိယဆုကို ကျပ် ၅ သိန်း ၊ တတိယဆု ကျပ် ၃ သိန်း နဲ့ နှစ်သိမ့်ဆု တစ်ဆုကို ကျပ် ၂ သိန်း  ချီးမြှင့်သွားမယ်လို့ဆိုပါတယ်။

အခုနှစ်မှာတော့ တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်အပြင် ပြင်ဦးလွင်တန်ဆောင်တိုင်ပွဲတော်ကို နိုဝင်ဘာ ၄ ရက် ကနေ ၈ ရက်အထိ နဲ့ လားရှိုး တန်ဆောင်တိုင်ပွဲတော်ကို နိုဝင်ဘာ ၄ ရက်ကနေ ၇ ရက်အထိ ကျင်းပ သွားမယ်လို့လည်း သိရပါတယ်။