Beibu ပင်လယ်ကွေ့ဆိပ်ကမ်းနှင့် မြန်မာနိုင်ငံ တိုက်ရိုက်ရေကြောင်းလိုင်း တရားဝင်ဖွင့်လှစ်
ကွမ်ရှီးပြည်နယ် Beibu ပင်လယ်ကွေ့ဆိပ်ကမ်း ချင်းကျိုးဆိပ်ကမ်းဇုန်သို့ ရန်ကုန်မြို့မှ တိုက်ရိုက်ရေကြောင်း ကုန်စည်ပို့ဆောင်ခြင်းကို အောက်တိုဘာ ၂၈ ရက်က ဖွင့်လှစ်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ နိုဝင်ဘာ ၁ ရက်က ထုတ်ပြန်ခဲ့သည်။
ရန်ကုန်မြို့မှ ချင်းကျိုးဆိပ်ကမ်းဇုန်သို့ SITC Venus သင်္ဘောစတင်ရောက်ရှိခြင်းဖြင့် ဖွင့်လှစ်နိုင်ခြင်းဖြစ်ကြောင်း ဆိုထားသည်။
ရေလမ်းကြောင်း ဖွင့်လှစ်ခြင်းကြောင့် Beibu ပင်လယ်ကွေ့ဆိပ်ကမ်းနှင့် ဒေသတွင်းအကြား အဆင်ပြေချောမွေ့သော ရေလမ်းကြောင်းတစ်ခု တိုးလာခြင်းဖြစ်ကြောင်း၊ အဆိုပါရေကြောင်းကို အပတ်စဉ် သင်္ဘောလေးစင်းဖြင့် ပြေးဆွဲပြီး ဆိုက်ကပ်မည့်ဆိပ်ကမ်းများမှာ ချင်းကျိုး-နန်ရှား-ရှယ်ခို-ခလန်-ရန်ကုန်-ဘီလာဝမ်-ခလန်-နန်ရှား-ရှယ်ခို-ဟိုင်ဖုန်-ချင်းကျိုးတို့ဖြစ်ကြောင်း ဖော်ပြထားသည်။
ရေလမ်းကြောင်းသစ်ဖြင့် ကုန်စည်ပို့ဆောင်ခြင်းသည် ချင်းကျိုးဆိပ်ကမ်းမှ မြန်မာနိုင်ငံသို့ (၁၂) ရက်ခန့်သာ ကြာမြင့်မည်ဖြစ်ပြီး လမ်းခရီးတွင်တစ်ဆင့်ပြောင်းရသည့် လမ်းကြောင်းများထက် ၄၀ ရာခိုင်နှုန်းခန့် ကြာချိန် လျှော့ချနိုင်မှာဖြစ်ကြောင်း သိရသည်။ source:sdtimedaily