ဘလူးမာ့ခ်အကောင့်ပိုင်ရှင်များ အခကြေးငွေပေးရမည်
တွစ်တာလူမှုကွန်ရက်ကုမ္ပဏီက အတည်ပြုအကောင့်ဖြစ်ကြောင်းညွှန်ပြတဲ့ (blue mark)အပြာရောင်အမှတ် အသားပိုင်ရှင် တွစ်တာသုံးစွဲသူတွေကို တစ်လ အမေရိကန်ဒေါ်လာ (၈)ဒေါ်လာ ကောက်ခံသွားမယ်လို့ တွစ်တာရဲ့ CEO အသစ် ဖြစ်လာတဲ့ အီလွန်မာ့စ်က ကြေညာလိုက်ပါတယ်။
ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီး အီလွန်မာ့စ်ဟာ တွစ်တာကို အမေရိကန်ဒေါ်လာ(၄၄) ဘီလီယံနဲ့ ဝယ်ယူပြီးတဲ့နောက် အပြောင်းအလဲတစ်ရပ်အနေနဲ့ အခုလို လုပ်လိုက်တာဟာ အကောင့်အတုတွေကို ဖယ်ရှားဖို့ ဖြစ်တယ်လို့ ပြောပါတယ်။ ပုံမှန်အားဖြင့် လူသိများသူတွေ၊ ထင်ရှားကျော်ကြားသူတွေရဲ့ အကောင့်နာမည်ဘေးမှာ တွေ့ရတတ်တဲ့ အပြာရောင်အမှတ်အသားလေးဟာ လောလာဆယ်အထိတော့ အခမဲ့ဖြစ်ပါတယ်။
ဒါပေမဲ့ နောက်ပိုင်းမှာ လစဉ်ကြေးပေးရတော့မယ်လို့ ကုမ္ပဏီ ဘက်က ကြေညာလိုက်တဲ့အတွက် ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ်တွေကို ဖော်ထုတ်ဖို့ ပိုမိုခက်ခဲလာနိုင် တယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။ လစဉ်ကြေးပေးပြီးသုံးစွဲသူတွေအတွက် reply နဲ့ search တွေကို ဦးစားပေးသတ်မှတ်ပေးသွားမှာဖြစ်သလို ကြော်ငြာအရေအတွက်လည်း ထက်ဝက်လောက်ရှိမယ်လို့ အီလွန်မာ့စ်က ပြောပါတယ်။