ရှမ်းပြည်(တောင်ပိုင်း)ပြည်ခိုင်ဖြိုးပါတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

တောင်ကြီး အောက်တိုဘာ ၃၁

ရှမ်းပြည်နယ်(တောင်ပိုင်း) ပြည်နယ်ပါတီရုံးအစည်းဝေးခန်းမ၌ ပြည်နယ်ပါတီဥက္ကဌ ဦးစိုင်းလုံကျော်နှင့် ပြည်နယ်ပါတီအကော်မတီဝင်များ၊ ပြည်နယ်အရန်ပါတီကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းဝေး ပြုလုပ်ကျင်းပခဲ့ပါသည်။

ဦးစွာ ပြည်နယ်ပါတီဥက္ကဌမှ ပါတီဥက္ကဌကြီးလမ်းညွှန်မှာကြားသော ပါတီဝင်အင်အား၊ ဝန်းရံအင်အားစာရင်းများ မှန်ကန်စေရေးနှင့် တိုးပွားလာရေး၊ အသွင်သစ်နှင် ဆက်ဆံရေး၊  ပါတီပုံရိပ် လူပုဂ္ဂိုလ်ပုံရိပ် မြှင့်တင်ရေး၊ ပါတီဝင်အသစ်များ လေ့ကျင့်ပညာပေးနိုင်ရေး၊ Smart Party ဖြစ်ရေး၊ ရပ်/ကျေးအဆင့်ထိ ကွင်းဆင်းပြီး ထိတွေ့ဆက်ဆံရေး၊ အုပ်စုစွဲ ပုဂ္ဂိုလ်စွဲမရှိဘဲ ပါတီအောင်နိုင်ရေးကို အဓိကဦးစားပေးရေး၊ ဥပဒေပိုင်းဆိုင်ရာများ သိရှိနားလည်အောင် လေ့လာဆည်းပူးရေး၊ တန်းတူရည်တူဆက်ဆံရေး၊ မီဒီယာကဏ္ဍ ‌အလေးထားရေး၊ ပါတီဝင်များလုံခြုံရေး၊ အကူအညီလိုအပ်နေသူများအား ကူညီထောက်ပံ့ပေးရေးနှင့် ဦးစားပေးလုပ်ဆောင်ရမည့် လုပ်ငန်းနယ်ပယ် (8)ရပ် တို့ကို အကျယ်တဝန့် ထပ်ဆင့်ရှင်းလင်းပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး ကော်မတီဝင်များအနေဖြင့် မိမိတို့ တာဝန်ယူထားသော ရေးရာကဏ္ဍများအလိုက် စနစ်တကျ အရှိန်မြှင့်ဆောင်ရွက်ကြရေးဆွေးနွေးခဲ့ကြောင်း သိရပါသည်။