ချောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အခြေခံစားသောက်ကုန် ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ပြုလုပ်

ချောက် ၊ အောက်တိုဘာ  ၂၅

မကွေးတိုင်းဒေသကြီး ချောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အခြေခံစားသောက်ကုန် ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၀၉:၀၀ အချိန်တွင် မြို့နယ်ပါတီရုံးခန်းမ၌ ပြုလုပ်ခဲ့ပြီး အိမ်ထောင်စု ပေါင်း  ၂၂၀ ဦး အား တစ်အိမ်ထောင်လျှင် ဆန် ၂ ပြည်၊ ဆီ ၅၀ သား၊ ငါးသေတ္တာ ၂ ဘူးနှုန်း ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

အခမ်းအနားသို့ ချောက်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးဝင်းနိုင်ဦးနှင့် ခရိုင်ပါတီ ကော်မတီဝင်များ၊ ချောက်မြို့နယ်ပါတီ ဥက္ကဌ  ဦးသန်းလှိုင်၊ အတွင်းရေးမှူး ဦးဖေသန့်ဇော်၊ ဘဏ္ဍာရေးမှူး ဦးတိုးတိုးအောင် နှင့်  မြို့နယ်ပါတီကော်မတီဝင်များ တက်ရောက်ကြသည်။