ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ မှ မန္တလေးတိုင်းဒေသကြီးအတွင်း အကူအညီ လိုအပ်နေသော ပါတီဝင် မိသားစုများအား တွေ့ဆုံ
မန္တလေး အောက်တိုဘာ ၂၄
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် မန္တလေးတိုင်းဒေသကြီးအတွင်း အကူအညီလိုအပ်နေသော ပါတီဝင်မိသားစု အိမ်ထောင်စု (၂၀)စုအား ၂၄-၁၀-၂၀၂၂ ရက်နေ့ နေ့လည် ၁၃:၀၀ အချိန်မှ ၁၄:၃၀ အချိန်ထိ တိုင်းဒေသကြီးပါတီရုံးရှိ အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံပွဲတွင် ပါတီဝင် မိသားစုများ၏ လိုအပ်နေသောအကူအညီများ၊ အလုပ်အကိုင် အခွင့်အလမ်းရရှိရေး ကူညီဆောင်ရွက်ပေးရန်လုပ်ငန်းများအား တစ်ဦးချင်းစီမေးမြန်းဆွေးနွေးပြီး မှတ်တမ်းမှတ်ရာများကောက်ယူခြင်း၊ စဉ်ဆက်မပြတ်ဆက်သွယ်ရေး လမ်းကြောင်းများဖွင့်လှစ်ပေးခြင်းနှင့် မန္တလေးတိုင်းဒေသကြီးမှ ဆက်သွယ် ဆောင်ရွက်ပေးရမည့်ပုဂ္ဂိုလ်(Focal Person)များ သတ်မှတ်ပေးခြင်းတို့အား ဆောင်ရွက်ခဲ့ပါသည်။
၎င်းနောက် ပါတီဥက္ကဋ္ဌ၊ ပါတီဗဟိုအတိုင်ပင်ခံ ဦးဝင်းမောင်၊ ပါတီဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်း၊ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့မှ အကူအညီလိုအပ်နေသော ပါတီဝင်မိသားစုတစ်ဦးချင်းစီအတွက် ထောက်ပံ့ငွေနှင့် လတ်တလောစားသုံးနိုင်မည့် ဆန်အိတ်ငယ်များ ပေးအပ်ခဲ့ပြီး ပါတီဝင်မိသားစုများအား ရင်းနှီးစွာ လိုက်လံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့ပါသည်။