NASA ရဲ့ အနာဂတ် အာကာသယာဉ်ဟာ ၁ နာရီ မိုင် ၁ သန်း အမြန်နှုန်းနဲ့ ခရီးသွားနိုင်မည်
NASA Institute for Advanced Concepts (NIAC) က အာကာသယာဉ် နည်းပညာ အသစ် ၂ ခုကို ဖန်တီးနေပါတယ်။ Ion Drives အသစ်ဟာ စွမ်းဆောင်ရည် အပိုင်းမှာ ၁၀ ဆ ပိုကောင်းပြီး စွမ်းအင်ဟာ အဆ ၁ ထောင် ပိုမြင့်မားပါတယ်။ အဲဒီအတွက် NASA ရဲ့ အနာဂတ် အာကာသယာဉ်ဟာ ၁ နာရီ မိုင် ၁ သန်း အမြန်နှုန်းနဲ့ အာကာသမှာ ခရီးသွားနိုင်မှာပါ။
အရင်က တည်ဆောက်ခဲ့တဲ့ Voyager 1 အာကာသယာဉ်ဟာ ၁ နာရီကို ၃၈,၀၀၀ မိုင် အမြန်နှုန်း ရှိပြီး Chemical Rocket နဲ့ Gravitational Slingshot တို့ရဲ့ အကူအညီကြောင့် ဒီလို အမြန်နှုန်း ရရှိတာပါ။ Juno , Helios I နဲ့ Helios II အာကာသယာဉ်ဟာ Gravitational Boosts ကို အသုံးပြုကာ ၁ နာရီကို မိုင် ၁၅၀,၀၀၀ အမြန်နှုန်းနဲ့ ပျံသန်းနိုင်ပါတယ်။ မကြာခင်က တည်ဆောက်ခဲ့တဲ့ Parker Solar Probe ဟာ ၁ နာရီကို ၄၃၀,၀၀၀ မိုင် မောင်းနှင်နိုင်ပါတယ်။
အခုတော့ NASA က အဲဒီထက် မြန်တဲ့ အာကာသယာဉ်ကို ဖန်တီးနေပြီ ဖြစ်ပါတယ်။ ၁ နာရီ မိုင် ၁ သန်း အမြန်နှုန်းနဲ့ ဆိုရင် အင်္ဂါဂြိုလ်လို ဂြိုလ်တွေကို ခရီးသွားဖို့ အချိန် ပိုမြန်ဆန်သွားမှာ ဖြစ်ပါတယ်။ ပညာရှင်တွေက အဲဒီ အာကာသယာဉ်ဟာ အင်္ဂါဂြိုလ်ကို ရက် ၄၀ လောက်နဲ့ ခရီးသွားနိုင်မယ်လို့ တွက်ချက်ထားပါတယ်။
Ref : blog-sci-nature