မင်္ဂလာတောင်ညွန့် မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အရှေခြမ်း ရပ်ကွက်များနှင့် တွေ့ဆုံ၍ အစည်းအဝေးပြုလုပ်

ရန်ကုန်။ ။အောက်တိုဘာ (၂၀)

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့် မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီကော်မတီနှင့် အရှေ့ခြမ်းရှိရပ်ကွက် ပါတီကော်မတီဝင်များ တွေ့ဆုံ၍ အစည်းအဝေးကို ယနေ့ (၂၀.၀.၂၀၂၂) နေ့လည် (၂:၃၀) က မြို့နယ် ပါတီ ရုံးခန်းမတွင် ကျင်းပခဲ့ပါသည်။

ရှေးဦးစွာ မြို့နယ်ပါတီအတွင်းရေးမှုး ဦးတင်ရှိန် က ပါတီဥက္ကဌကြီး၏ လမ်းညွှန်ချက်များနှင့် ရှေ့ဆက် ဆောင်ရွက်ရမည့် ပါတီလုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေး ၍ တက်ရောက်လာသော ရပ်ကွက်ခေါင်းဆောင်များ မှလည်း အပြန်အလှန် တင်ပြ ဆွေးနွေးခဲ့ကြပါသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ပါတီအတွင်းရေးမှုး ဦးတင်ရှိန်၊ ဘဏ္ဍာရေးမှုး ဒေါ်နှင်းအိအိခင်၊ မြို့နယ်ကော်မတီဝင် ဦးဗိုလ်ဗိုလ်ခင်မောင်တင့်၊ ဒေါ် စန်းကြည်၊ ဒေါ်အေးအေးမွန် နှင့် အရှေ့ခြမ်းရှိ ရပ်ကွက်ပါတီ ခေါင်းဆောင်များနှင့် ကော်မတီဝင် တက်ရောက်ကြပြီး အစည်းအဝေးကို နေ့လည် (၂:၃၀) မှ (၃:၃၀)ထိ ကျင်းပခဲ့ကြောင်း သိရသည်။ အစည်းအဝေးပြီးနောက် စက်ဆန်းရပ်ကွက်၊ ကူတို့ဆိပ်ရပ်ကွက်၊ မလွှကုန်းရပ်ကွက်၊ ကျီတော်ရပ်ကွက်၊ တောင်လုံးပြန်ရပ်ကွက် နယ်မြေတာဝန်ခံများက သက်ဆိုင်ရာရပ်ကွက် ကော်မတီဝင်များနှင့် တွေ့ဆုံ၍ စကားဝိုင်းဆွေးနွေးပွဲများ ကျင်းပခဲ့ကြပါသည်။