ဆယ်ကျော်သက်ကောင်လေးက ကမ္ဘာ့ချန်ပီယံဆု(၅)ကြိမ်ရ စစ်တုရင်ကစားသမားကို အနိုင်ယူနိုင်ခဲ့တဲ့ အသက်အငယ်ဆုံးကစားသမားဖြစ်လာ
ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ဟာ လွန်ခဲ့တဲ့ (၁၀) စုနှစ်နီးပါးကတည်းက ကမ္ဘာ့ချန်ပီယံဖြစ်လာခဲ့တဲ့ ပရော်ဖက်ရှင်နယ်စစ်တုရင်ကစားသမား မက်ဂ်နပ်စ် ကာလ်ဆန်ကို စက်တင်ဘာ ၁၆ ရက်နေ့က အနိုင်ပိုင်းခဲ့ ပါတယ်။ အိန္ဒိယလူမျိုး ဒွန်နာရူမာ ဂူကစ်ရှ်ဆိုတဲ့ အဲဒီဆယ်ကျော်သက်လေးက မက်ဂ်နက်စ်ကို အနိုင်ယူနိုင်ခဲ့တဲ့ အသက်ငယ်ဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။
(၁၆) နှစ်၊ (၄)လ နဲ့ ရက် (၂၀) အရွယ် ဂူကစ်ရှ်ဟာ ဖေဖော်ဝါရီလက မက်ဂ်နပ်စ်ကို အနိုင်ယူခဲ့တဲ့ အသက် ၁၆ နှစ်၊ ၆ လ၊ ၁၀ ရက်အရွယ် ရာမီရှ်ဘာဘူ ပရာဂျ်နန်ဟရဲ့အရင်စံချိန်ကို ချိုးခဲ့တာပါ။ “မက်ဂ်နပ်စ်ကို အနိုင်ယူတာက ထူးခြားပေမဲ့ အဲဒီဂိမ်းအတွက် ကျွန်တော် အရမ်းဂုဏ်ယူမနေဘူး”လို့ ဂူကစ်ရှ်က ဆိုပါတယ်။ မက်ဂ်နက်စ်က ၂၅ ကြိမ်မြောက်အရွှေ့မှာ ဘုရင်မကို ချောင်ပိတ်မိသွားစေတဲ့ အဓိကအမှားကို လုပ်ခဲ့မိတာပါ။
မက်ဂ်နက်စ်အတွက် ဒါဟာ Aimchess Rapid မှာ ၁၉ နှစ်အရွယ် အာဂျွန် အာရီဂါဆီကို ရှုံးနိမ့်ခဲ့ပြီးနောက် (၂) ရက်အတွင်း အိန္ဒိယရဲ့ဆယ်ကျော်သက်စစ်တုရင်ပဂေးတွေထဲက တစ်ယောက်ကို နောက်ထပ်ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
အိန္ဒိယဆယ်ကျော်သက်တွေကို သူ ရှုံးနိမ့်ခဲ့တာနဲ့ပတ်သက်ပြီး မက်ဂ်နက်စ်က အခုလိုပြောပါတယ်။ “ပရာဂျ်က ကျွန်တော် အကြိမ်ကြိမ်ရှုံးနိမ့်ဖူးတဲ့ တစ်ဦးတည်းသောသူပါ။ အာဂျွန်နဲ့ဂူကစ်ရှ်တို့ကတော့ အာဂျွန်ကို ကျွန်တော် အမြဲလိုလို အနိုင်ယူခဲ့ဖူးပါတယ်။ ဂူကစ်ရှ်လည်း အလားတူပါပဲ။ ဂူကစ်ရှ်က မကြာသေးခင်ကမှ စစ်တုရင်မှာ အရမ်းအထင်ကြီးစရာကောင်းခဲ့တယ်လို့ ကျွန်တော်ထင်တယ်။ အနိုင်ရတာက အမြဲတမ်းပျော်စရာကောင်းနေပေမဲ့ အခုလိုမြန်မြန်ဆန်ဆန်အနိုင်ရတာက သူ့ရဲ့ဂုဏ်ယူစရာအကောင်းဆုံးအားထုတ်မှုမဟုတ်တာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်”
Yoyarlaysport