အိန္ဒိယနိုင်ငံတွင် လုပ်ငန်းသုံး 5G ကွန်ရက်ဝန်ဆောင်မှု စတင်ဖြန့်ကြက်တော့မည်
အိန္ဒိယနိုင်ငံမှာ တစ်ဦးချင်းသာမက စီးပွားရေးလုပ်ငန်းတွေအတွက် 5G ကွန်ရက် ဝန်ဆောင်မှုကို အောက်တိုဘာ ၁ ရက်မှာ စတင်ဖြန့်ကြက်တော့မှာဖြစ်ကြောင်း တာဝန် ရှိသူတွေက ပြောပါတယ်။
5G ကွန်ရက်ဝန်ဆောင်မှု စတင်မှာနဲ့ ပတ်သက်ပြီး အောက်တိုဘာ ၁ ရက်မှ ၄ ရက် ထိကျင်းပမယ့် India Mobile Congress မွာ ဝန်ကြီးချုပ်မိုဒီက ကြေညာသွားမှာ ဖြစ်ပါတယ်။ ဒီပြဲမွာ အဆင့်မြင့် 5G နဲ့ 6G ကွန်ရက် ဝန်ဆောင် မှုနည်းပညာတွေနဲ့ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဖို့တွေ ရှိနေပါတယ်။
သုံးစွဲသူတွေအနေနဲ့ 5G ကွန်ရက်ကို အောက်တိုဘာ ၁ ရက်ကစပြီး ချက်ချင်းရမှာ မဟုတ်သေးပေမယ့် 5G ဆင်းမ်ကတ် ဝယ်ယူမှုတွေအပါအဝင် အဆင့်လိုက်ရရှိတော့မှာဖြစ်ပြီး ဒေလီ၊ မွမ်ဘိုင်းနဲ့ ကာလကတ္တား မြို့ကြီးတွေမှာ စတင်သွားမှာဖြစ်ကြောင်း နည်းပညာနဲ့ ဆက်သွယ်ရေးဝန်ကြီး အက်ရှ်ဝင်နီဗိုင်ရှ် နောက ပြောပါတယ်။
4G တာဝါတိုင်တွေအစား 5G တာဝါတိုင်တွေနဲ့ အခြေခံအဆောက်အအုံတွေအစားထိုးခဲ့တဲ့ Reliance Jio ဆက်သွယ်ရေးကုမ္ပဏီကတော့ 5G ကွန်ရက်ဝန်ဆောင်မှုအတွက် အဆင်သင့်ဖြစ်နေပြီလို့ ထုတ်ဖော် ပြောဆိုထားပြီး Airtel ကုမ္ပဏီကလည်း အချိန်ကိုက် ဝန်ဆောင်မှုပေးဖို့ မျှော်လင့်ထားတယ်လို ဆိုပါတယ်။
sdtimedaily