COVID-19 ဓာတ်ခွဲနမူနာ ၁၂၀၆၄ ခုအား စစ်ဆေးရာ အတည်ပြုလူနာသစ် ၂၇၈ ဦး တွေ့ရှိ
COVID-19 ဓာတ်ခွဲနမူနာ ၁၂,၀၆၄ ခုအား စစ်ဆေးရာ အတည်ပြုလူနာသစ် ၂၇၈ ဦး တွေ့ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၏ စက်တင်ဘာ ၂၅ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။ စက်တင်ဘာ ၂၅ ရက် ည ၈ နာရီအထိ ဓာတ်ခွဲအတည်ပြုလူနာပေါင်း ၆၂၁,၄၀၂ ဦးရှိကာ သေဆုံးသူမရှိကြောင်း သိရသည်။ ထိုပြင် ဆေးရုံများတွင် ကုသပြီး ပြန်လည်ကောင်းမွန်လာသူနှင့် နေအိမ်တွင် သီးခြားထားရှိရာမှ ပြန်လည်ကောင်းမွန်လာသူ ၂၈၉ ဦးရှိသဖြင့် ပြန်လည်ကောင်းမွန်လာသူစုစုပေါင်း ၅၉၆,၉၄၇ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ စက်တင်ဘာ ၂၅ ရက်ည ၈ နာရီထုတ်ပြန်ချက်အရ သေဆုံးသူ မရှိကြောင်း သိရပြီး COVID-19 ဖြစ်ပွားသည့်ကာလအတွင်း သေဆုံးသူ စုစုပေါင်း ၁၉,၄၅၅ ဦးရှိပြီဖြစ်ကြောင်းသိရသည်။