ယူကရိန်းစစ်ပွဲအတွင်း ရုရှားစစ်သား ၅၉၃၇ ဦးသေဆုံးဟု ရုရှား ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်

ယူကရိန်းကို စစ်ရေးအရ ဝင်ရောက် တိုက်ခိုက်ခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်က တည်းက ယူကရိန်းတွင် ရုရှားစစ်သား ၅၉၃၇ ဦးသေဆုံးခဲ့သည်ဟု ရုရှားကာကွယ်ရေးဝန် ကြီး ဆာဂေးရွှိုက်ဂူက စက်တင်ဘာ ၂၁ ရက် တွင် ပြောကြားခဲ့ပြီး ယင်းသည် ရုရှားစစ်တပ် ၏ ဆုံးရှုံးမှုများနှင့်ပတ်သက်ပြီး ကြုံတောင့် ကြုံခဲ ဝန်ခံမှုတစ်ခုဖြစ်ခဲ့သည်။

“ဒီနေ့အထိ ကျွန်တော်တို့စစ်သား ၅၉၃၇ ဦး သေဆုံးခဲ့ပါ တယ်”ဟု ရွှိုက်ဂူက ရုပ်သံတွင် ပြောကြားခဲ့ ပြီး ရုရှားသည် ယူကရိန်းတွင် အနောက်နိုင်ငံ များ၏ စုပေါင်းမှုကို ပြင်းထန်စွာ တိုက်ခိုက် နေခြင်းမဟုတ်ကြောင်း ထပ်လောင်းပြော ကြားခဲ့သည်။

သြဂုတ်လအတွင်းက အမေရိ ကန် ကာကွယ်ရေးဝန်ကြီးဌာနမှ ထိပ်သီးအ ရာရှိတစ်ဦးကမူ ရုရှားသည် ယူကရိန်းစစ်ပွဲ အတွင်း စစ်သား ၈၀၀၀၀ ခန့် သေဆုံး သို့မ ဟုတ်ဒဏ်ရာရခဲ့သည်ဟု ခန့်မှန်းပြောကြားခဲ့ သည်။

ရုရှားနှင့် ယူကရိန်းတွင် နှစ်ဘက်စလုံး သေကြေ၊ဒဏ်ရာရမှုများရှိနေပြီး ယင်းစစ်ပွဲ သည် ဒုတိယကမ္ဘာစစ်ပြီးနောက် ဥရောပတွင် အပြင်းထန်ဆုံး ပဋိပက္ခဖြစ်သည်ဟု အမေရိ ကန်ကာကွယ်ရေးဝန်ကြီးဌာန၏ ကာကွယ် ရေးရုံးမှ အတွင်းရေးမှူး ကောလင်း ကားလ် က ပြောကြားခဲ့သည်။