ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင်အစည်းအဝေး (၅/၂၀၂၂) အတွေ့အကြုံရှင်းလင်းပွဲ ပြည်ထောင်စုနယ်မြေ ပါတီပြုလုပ်
စက်တင်ဘာ ၂၀၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့ထိ ပြုလုပ်ခဲ့သော ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေး (၅/၂၀၂၂) အတွေ့အကြုံရှင်းလင်းပွဲကို ၂၀-၉-၂၀၂၂ ရက်နေ့ နံနက် ၀၉:၀၀ နာရီအချိန်တွင် ပြည်ထောင်စုနယ်မြေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပါတီရုံးရှိ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌ ဦးမြင့်လှိုင်မှ ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီ အစည်းအဝေး (၅/၂၀၂၂) အတွေ့အကြုံများအား ရှင်းလင်းပြောကြားခဲ့ပြီး ပါတီဗဟိုအလုပ်အမှုဆောင် ဦးသောင်းအေးမှ ပါတီဖွဲ့စည်းပုံအခြေခံစည်းမျဉ်း ဖြည့်စွက်ပြင်ဆင်ဖွဲ့စည်းမှုများနှင့် ပတ်သက်၍ သိသင့် သိထိုက်သည်များအား ရှင်းလင်းဆွေးနွေးခဲ့သည်။
အဆိုပါပွဲသို့ ပါတီဗဟိုအလုပ်အမှုဆောင် ပြည်ထောင်စုနယ်မြေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးမြင့်လှိုင်၊ ပါတီဗဟိုအလုပ်အမှုဆောင် ဦးသောင်းအေး၊ ပြည်ထောင်စုနယ်မြေ ပါတီကော်မတီဝင်များ၊ ခရိုင်ပါတီဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။