ဘရိုက်တန်အသင်းနည်းပြသစ်အဖြစ် ဒီဇာဘီ (၄)နှစ်စာချုပ်နဲ့ခန့်အပ်ခံရ

ဘရိုက်တန်အသင်းဟာ ပြီးခဲ့တဲ့တစ်ပတ်က ချဲလ်ဆီးကိုကိုင်တွယ်ဖို့ အသင်းကနေထွက်ခွာခဲ့တဲ့ ဂရေဟမ်ပေါ်တာနေရာမှာ အသင်းနည်းပြသစ်အဖြစ် ရော်ဘတ်တိုဒီဖာဘီကို ခန့်အပ်လိုက်ပါတယ်။ အသက်(၄၃)နှစ်အရွယ်အီတလီလူမျိုးနည်းပြကြီးဟာ ဘရိုက်တန်နဲ့(၄)နှစ်စာချုပ်ချုပ်ဆိုလိုက်ပါတယ်။ နိုင်ငံတကာ ပွဲစဉ်ကာလအတွင်း ကစားသမားတွေနဲ့လက်တွဲဖို့ နည်းပြသစ်ဒီဇာဘီ အချိန်ရမှာဖြစ်ပါတယ်။ ဘရိုက်တန်အသင်း ဥက္ကဋ္ဌ တိုနီဘလွန်းက “ကျွန်တော်တို့ရဲ့နည်းပြသစ်ဖြစ် ဒီဇာဘီကို ခန့်အပ်နိုင်ခဲ့လို့ ဝမ်းသာမိပါတယ်။ သူကိုင်တွယ်ခဲ့တဲ့အသင်းတွေဟာ စိတ်လှုပ်ရှားစရာကောင်းပြီးရဲရင့်တဲ့ကစားဟန်ရှိပါတယ်။ ကျွန်တော်တို့မှာရှိတဲ့ ကစားသမားတွေနဲ့ သူ့ရဲ့ကစားဟန်၊ နည်းစနစ်ပိုင်းတွေ အံဝင်မယ်လို့ ကျွန်တော်တယုံကြည်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ ဒီဇာဘီဟာ အရင်က ရှက်တာဒိုးနက်အသင်းကို ကိုင်တွယ်ခဲ့ဖူးသူလည်းဖြစ်ပါတယ်။