အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်ကြားမှာ အပစ်အခတ်ရပ်စဲဖို သဘောတူညီမှု ရရှိ
ရက်အတန်ကြာတိုက်ပွဲဖြစ်ပွားခဲ့တဲ့ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်နယ်စပ်ဒေသမှာ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုရရှိခဲ့ပြီလို့ သိရပါတယ်။
နယ်မြေပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး အငြင်းပွားနေတဲ့ နှစ်နိုင်ငံနယ်စပ်မှာ တနင်္လာညကစပြီး တိုက်ပွဲပြင်းထန်ခဲ့သလို အာမေးနီးယားတပ်ဖွဲဝင် ၁၀၀ ကျော် သေဆုံးခဲ့တယ်လို အာမေးနီးယားဝန်ကြီးချုပ် နီကိုးပါရှင်ယန် က ဆိုပါတယ်။
ဒါပေမဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုအောင်မြင်ခဲ့ပြီး အပစ်အခတ်ရပ်စဲမှုဟာ ယမန်နေ့ ညပိုင်းကစပြီး အသက်ဝင်ခဲ့ပြီလို့ မစ္စတာပါရှင်ယန် က ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ အပစ်အခတ်ရပ်စဲမှုနဲ့ပတ်သက်ပြီး အဇာဘိုင်ဂျန်ဘက် က ဘယ်လိုထုတ်ပြန်ကြေညာချက်မျိုးမှ မရှိသေးပါဘူး။ -Ref:Miami Herald