မြန်မာလုပ်သား ၈၀၀ ကျော် ချစ်ကြည်ရေးအမှတ်(၂)တံတားမှ ထိုင်းသို့ဝင်ရောက်
ထိုင်းနိုင်ငံသို့ MoU မြန်မာလုပ်သား ၈၀၀ ကျော်ကို မြ၀တီမဲဆောက် ချစ်ကြည်ရေး အမှတ်(၂)တံတားမှ စက်တင်ဘာ ၁၃ ရက်က ထပ်မံစေလွှတ်ခဲ့ကြောင်း သိရသည်။
Htay Service Agent ကုမ္ပဏီမှစေလွှတ်ခဲ့သည့် အလုပ်သမား ၁၉၃ ဦးသည် ဗန်ကောက်မြို့နှင့် ဘန်ကပိမြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့သွားရောက် အလုပ်လုပ်ကိုင်ရမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် Myanmar Experience Link အေဂျင်စီကုမ္ပဏီမှ အလုပ်သမား ၁၅၀၊ Top Choice Manpower အေဂျင်စီမှ အလုပ်သမား ၈၅ ဦး၊ Classical Over Sea General Services အေဂျင်စီမှ အလုပ်သမား ၃၄၉ ဦး၊ Lucky Employment အေဂျင်စီမှ အလုပ်သမား ၃၅ ဦးအပါအဝင် ရွှေ့ပြောင်းအလုပ်သမားပေါင်း ၈၁၆ ဦးအား ထိုင်းနိုင်ငံရှိ စက်ရုံ၊ အလုပ်ရုံနှင့် ဆောက်လုပ်ရေး အစရှိသည့် လုပ်ငန်းခွင်များသို့သွားရောက် အလုပ်လုပ်ကိုင်ရန်အတွက် ပြည်တွင်းအလုပ်အကိုင် အကျိုးဆောင်အေဂျင်စီ ငါးခုက တာဝန်ယူစေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။