သံတွဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီ နှင့် အလှူရှင်များစုပေါင်း၍ ဆွမ်းဆန်တော်လှူဒါန်း
စက်တင်ဘာ ၁၃၊ သံတွဲ
သံတွဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်ပါတီဥက္ကဌ ဦးစန်းနိုင်၊ မြို့နယ် ကော်မတီဝင်များ ဖြစ်ကြသော ဦးသန်းလှ၊ ဦးအောင်မျိုးဦး၊ အမျိုးသမီးရေးရာအဖွဲ့ဝင် အရံကော်မတီ ဒေါ်မူယာကျော်နှင့် လူငယ်ပါတီဝင်များ၊ အမျိုးသမီးရေးရာပါတီဝင်များသည် ငပလီမြို့၊ ဇီးဖြူကုန်းရပ်ကွက်ရှိ ရတနသဒ္ဓိပရဟိတ ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ သံတွဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီနှင့် TMP အအေးခန်းစက်ရုံမိသားစုတို့ စုပေါင်းလှူဒါန်းသော ဆွမ်းဆန်တော် (၂၄) ပြည်အိပ် (၃)အိပ်အား ကျောင်းတိုက်ရှိ ဆရာတော် သံဃာတော်များနှင့် ကျောင်းသား/သူများ အာဟာရဒါနအဖြစ် သွားရောက်လှူဒါန်းခဲ့ပြီး ဆရာတော်၏ သြဝါဒတရားများ နာကြားခဲ့ကြသည်။
ထို့နောက် ညေန ၄ နာရီအချိန်တွင် သံတွဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစန်းနိုင်၊ မြို့နယ်လူငယ်အဖွဲ့ဝင် ကိုခ်စ္ထူ:၊ ရှင်အောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းထွန်းလေးနှင့် ရပ်ကျေးလူငယ် ကိုရဲမင်းထွန်း တို့သည် သံတွဲမြို့နယ် ရှင်အောင်ကျေးရွာနေ အသက် ၈၆ နှစ်ရှိ အဖွားဒေါ်အေးကြိုင် အိမ်သို့ သွားရောက်၍ ဆန်၊ ဆီ၊ ဆား၊ ငရုပ်၊ ကြက်သွန်၊ ငပိ၊ အချိုမှုန့်၊ ဆပ်ပြ၊ လက်ဖက်ခြောက်၊ နနွင်းမှုန့်၊ ကြက်ဥ၊ မုန့်နှင့် ငွေ တို့ကိုသွားရောက်လှူဒါန်းကူညီခဲ့ကြသည်။