မြန်အောင်ခရိုင် ပြည်ခိုင်ဖြိုးပါတီရုံးဖွင့်ပွဲ၊ ခရိုင်ပါတီဥက္ကဌနှင့် ကော်မတီဝင်များရွေးချယ်ပွဲ၊ မြို့နယ်ပါတီကော်မတီ အစားထိုးခန့်အပ်ပွဲ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်ပါတီရုံးတွင် ကျင်းပ

မြန်အောင် သြဂုတ် ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် ပြည်ခိုင်ဖြိုးပါတီရုံးဖွင့်ပွဲသို့ တိုင်းဒေသကြီးပါတီဥက္ကဌ၊ ဗဟိုအလုပ်အမှုဆောင် ဦးသိန်းထွန်း၊ တိုင်းဘဏ္ဏာရေးမှူး ဦးလှခိုင်၊ တိုင်းပါတီကော်မတီဝင်၊ မြန်အောင်ခရိုင် တာဝန်ခံ ဦးကျော်ဝင်းနိုင်၊ တိုင်းပါတီကော်မတီဝင် ဦးသန်းထွန်းနှင့် မြန်အောင်၊ ကြံခင်း၊ အင်္ဂပူမြို့နယ်များမှ ပါတီဥက္ကဌများနှင့် တာဝန်ရှိသူများက  တက်ရောက်ဖွင့်လှစ်ခဲ့ပါသည်။

မြန်အောင်ခရိုင်ပါတီ ဥက္ကဌနှင့် ခရိုင်ပါတီကော်မတီဝင်များရွေးချယ်ပွဲက်ို တိုင်းဥက္ကဌမှ သဘာပတိ၊ ရွေးချယ်ရေးအဖွဲ့ခေါင်းဆောင်အဖြစ် ဦးဆောင်ကျင်းပရာ ခရိုင်ပါတီ ဥက္ကဌအဖြစ် ဦးနေဝင်းဇော်၊ ခရိုင်အတွင်းရေးမှူး အဖြစ် ဦးအောင်မျိုးဦး၊ ခရိုင် ဘဏ္ဏာရေးမှူးအဖြစ် ဒေါ်ခိုင်ခိုင်ဦး၊ ကော်မတီဝင်များအ​ဖြစ် ဦးခင်လှနှင့် ဦးထွန်းဝင်းတို့ကို မြန်အောင်၊ ကြံခင်း၊ အင်္ဂပူမြို့နယ်တို့မှ အဆိုပြုရွေးချယ်ရာ သဘာပတိက အတည်ပြုခန့်အပ်ပေးခဲ့ပါသည်။

ဆက်လက်ပြီး မြန်အောင်မြို့နယ် ပါတီကော်မတီကို အစားထိုးခန့်အပ်ရာ မြို့နယ် ဥက္ကဌအဖြစ် ဒေါ်ယဉ်မြတ်သူ၊ အတွင်းရေးမှူးအဖြစ် ဦးမျိုးမင်းသန်း၊ ဘဏ္ဏာရေးမှူးအဖြစ် ဦးဝင်းနိုင်တို့ကို ခန့်အပ်ပေးခဲ့ပါသည်။

ထိုနောက် တိုင်းပါတီကော်မတီဝင်များက ပါတီလုပ်ငန်းဆောင်ရွက်မှုများကို တစ်ဦးချင်း ဆွေးနွေးကြပြီး တိုင်းပါတီဥက္ကဌက နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားအား အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။