ရပ်နားထားသည့် နျူကလီးယားစက်ရုံများ ဂျပန်ပြန်လည်ပတ်မည်

ဂျပန်နိုင်ငံဟာ ရပ်နားထားတဲ့ နျူကလီးယားစက်ရုံတွေကို ပြန်စတင်လည်ပတ်မှာဖြစ်ပြီး မျိုးဆက်သစ် ဓာတ်ပေါင်းဖိုတွေ ဖွံ့ဖြိုးလာအောင် လုပ်သွားမယ်လို့ ဂျပန်၀န်ကြီးချုပ် ဖှုမိအို ခိရှိဒါက သြဂုတ် ၂၄ ရက်မှာ ပြောပါတယ်။

ဖူကူရှီးမားနျူကလီးယား ကပ်ဘေးဖြစ်ခဲ့အပြီး ဆယ်စုနှစ်တစ်ခုကြာချိန်မှာ နျူကလီးယား စွမ်းအင်ဆိုင်ရာ မူဝါဒအပြောင်းအလဲလို့လည်း ပြောပါတယ်။

နိုင်ငံတဝန်း ခွင့်ပြုချက်ရပြီးသားဖြစ်တဲ့ ဓာတ်ပေါင်းဖိုတွေကို ပြန်စဖို့၊ ဂျပန်နိုင်ငံအနေနဲ့ အပြည့်အဝ လုပ်ဆောင်သွားမှာပါ”လို့ ဝန်ကြီးချုပ်က ဂျပန်ရဲ့ GX အကောင်အထည်ဖော်ရေးကောင်စီ အစည်းအဝေးမှာ အရာရှိတွေကို ပြောခဲ့တာပါ။

GX ကောင်စီဟာ တိုင်းပြည်စီးပွားရေးမှာ ကာဗွန်လျှော့ချရေး အဓိကလုပ်ဆောင်နေတာပါ။ ဝန်ကြီးချုုပ် ခိရှိဒါရဲ့ မှတ်ချက်တွေဟာ ယူကရိန်း အကျပ်အတည်းနဲ့ စွမ်းအင်ကုန်ကျစရိတ်တွေ မြင့်လာလို့ နျူကလီးယားစွမ်းအင်ဆိုင်ရာ မူဝါဒကို ပြန်လည်တွေးတောသုံးသပ်ပုံတွေကို မီးမောင်းထိုးပြထားပါတယ်။

၂၀၁၁ ခုနှစ်မှာ ငလျင်နဲ့ ဆူနာမီကြောင့် ဖှုခုရှီးမားဒိုင်းအိချိ နျူကလီးယားစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံမှာ ရေဒီယိုသတ္တိကြွခဲ့ရာက နျူကလီးယား ကပ်ဘေးဖြစ်ခဲ့လို့ ဂျပန်နိုင်ငံဟာ နျူကလီးယားစက်ရုံအများစုကို ရပ်နားထားခဲ့ပါတယ်။  dvb