ယခုနှစ်အတွက် နောက်ဆုံးဂရင်းစလင်းတင်းနစ်ပြိုင်ပွဲဖြစ်သည် ယူအက်စ်အိုးပင်း ဂရင်းစလင်းတင်းနစ်ပြိုင်ပွဲတွင် စံချိန်တင်အဖြစ် ဒေါ်လာသန်း ၆၀ ကျော် ချီးမြှင့်မည်
ယခုနှစ်အတွက် နောက်ဆုံးဂရင်းစလင်းတင်းနစ်ပြိုင်ပွဲဖြစ်သည့် ယူအက်စ်အိုးပင်း ပြိုင်ပွဲတွင် စံချိန်တင်ဆုကြေး အဖြစ် ဒေါ်လာ သန်း ၆၀ ကျော် ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
၁၄၂ ကြိမ်မြောက် ယူအက်စ်အိုးပင်းပြိုင်ပွဲကို သြဂုတ် ၂၉ ရက်မှ စက်တင်ဘာ ၁၁ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ဆုကြေးပမာဏကို ယခင်နှစ်ထက် ဒေါ်လာ ၂ ဒသမ ၆ သန်း တိုးမြှင့်၍ စုစုပေါင်း ဒေါ်လာ ၆၀ ဒသမ ၁ သန်း ချီးမြှင့်မည်ဖြစ်သည်။ ပြိုင်ပွဲတစ်ခုလုံး အတွက် ဆုကြေးကို စံချိန်တင်တိုးမြှင့်ထားသော်လည်း အမျိုးသား၊ အမျိုးသမီးတစ်ဦးချင်းပွဲစဉ်တွင် ချန်ပီယံဆုရရှိမည့်ကစားသမားများအနေဖြင့် ဒေါ်လာ ၂ ဒသမ ၆ သန်းသာ ဆွတ်ခူးရရှိမည်ဖြစ်သည်။
ယင်းပမာဏမှာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်က ချီးမြှင့်ခဲ့သော ဒေါ်လာ ၂ ဒသမ ၅ သန်းထက် တိုးမြင့်လာသော်လည်း CCOVID-19 ရောဂါမဖြစ်ပွား မီ ၂၀၁၉ ခုနှစ်က ချီးမြှင့်ခဲ့သော ဒေါ်လာ ၃ ဒသမ ၈၅ သန်းထက် ဒေါ်လာ ၁ ဒသမ ၂၅ သန်း လျော့နည်းနေဆဲဖြစ်သည်။ ပြိုင်ပွဲကျင်းပရေး တာဝန်ရှိသူများအနေဖြင့် အစောပိုင်းအဆင့်များအတွက် ဆုကြေးကို ပိုမိုတိုးမြှင့်ပေးထားခြင်း ဖြစ်ပြီး ပထမအဆင့်တွင် ယှဉ်ပြိုင်ခွင့်ရသည့် ကစားသမားများမှာ ဒေါ်လာ ၈၀၀၀၀၊ ဗိုလ်လုပွဲတက်ရောက်နိုင်ပါက ဒေါ်လာ ၁ ဒသမ ၃ သန်းနှင့် နှစ်ယောက်တွဲ ချန်ပီယံဆုရရှိသူများမှာ ဒေါ်လာ ၆၈၈၀၀၀ ရရှိမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၁ ယူအက်စ်အိုးပင်းပြိုင်ပွဲ အမျိုးသားတစ်ဦးချင်းပွဲစဉ်တွင် ရုရှားကစားသမား မက်ဗီဒက်ဗ်နှင့် အမျိုးသမီး တစ်ဦးချင်းပွဲစဉ်တွင် ဗြိတိန်ဆယ်ကျော်သက်တင်းနစ်မယ် ရာဒူကာနူက ချန်ပီယံဆုရရှိထားသည်။
Eleven