နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးအနီးတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး တစ်ဦး ထိခိုက်ဒဏ်ရာရ
နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ ဒက္ခိဏခရိုင်တရားရုံးအနီးတွင် သြဂုတ် ၂၄ ရက် ည ၈ နာရီခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
“၈ နာရီ ထိုးပြီးလောက်နဲ့ထင်တယ်။ တစ်ယောက်တော့ ခြေထောက်ထိတယ်လို့ ကြားတယ်။ နေရာတော့ တိတိကျကျ မသိဘူး။ ခရိုင်ရုံးနားမှာ ပေါက်တာလို့ ကြားတယ်။ သေနတ်သံတော့ မကြားဘူး။ ဗုံးပေါက်တာ လေးချက်”ဟု ဒေသခံတစ်ဦးက ပြောကြားသည်။
ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်ဆိုသော ဒက္ခိဏခရိုင်တရားရုံးသည် ပုဗ္ဗသီရိမြို့နယ် အောင်သုခကျေးရွာအနီးတွင် တည်ရှိပြီး နေပြည်တော်ကောင်စီရုံးနှင့်လည်း နီးကပ်သည့် နေရာဖြစ်သည်။
နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဒက္ခိဏခရိုင်တရားရုံးအနီးတွင် သြဂုတ် ၂၄ ရက် ည ၈ နာရီခန့်က ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုအပြီးတွင် လူနာတင်ကားများ ရောက်ရှိလာကြောင်းနှင့် ထိခိုက်ဒဏ်ရာရရှိမှု အသေးစိတ်ကိုမူ သိရှိရခြင်းမရှိကြောင်း ဒေသခံများက ပြောကြားသည်။ source;eleven