ချဲလ်ဆီးနည်းပြတူချယ်ကို စွဲချက်သစ် ထပ်မံစွဲဆို

စပါးအသင်းနဲ့ ၂ ဂိုးစီသေရက်တဲ့ပြဲက ဖြစ်ရပ်ကြောင့် ချဲလ်ဆီးနည်းပြတူချယ်ကို အက်ဖ်အေက နောက်ထပ် စွဲချက်တစ်ခု ထပ်မံစွဲဆိုလိုက်ပါတယ်။ တူချယ်ဟာ ပွဲအပြီးမှာ စပါးနည်းပြကွန်တီနဲ့ အချင်းများခဲ့တာကြောင့် ဆိုင်းငံ့တစ်ပွဲပယ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသလို ဒဏ်ငွေအဖြစ်လည်း ပေါင် ၃၅၀၀၀ ပေးဆောင်ခဲ့ရပါတယ်။

တူချယ်ဟာ ပွဲအပြီးမှာ ကွင်းလယ်ဒိုင်လူကြီး အန်တိုနီတေလာရဲ့ ဆုံးဖြတ်ချက်တွေနဲ့ပတ်သက်ပြီး ဝေဖန်ပြောဆို ခဲ့တာကြောင့် အက်ဖ်အေက နောက်ထပ်စွဲချက်တစ်ခု ထပ်မံစွဲဆိုလိုက်တာဖြစ်ပါတယ်။ စပါးနဲ့ပွဲအပြီးသတင်းစာ ရှင်းလင်းပွဲမှာ ပရီးမီးယားလိဂ်ဒိုင်လူကြီးတွေက ယုံကြည်ရတဲ့သူတွေမဟုတ်ဘူးလို ဝေဖန်ပြောဆို ခဲ့တာပါ။

စပါးအသင်းရရှိသွားခဲ့တဲ့ သွင်းဂိုး ၂ ဂိုးစလုံး ပေးသင့်တဲ့ဂိုးတွေမဟုတ်သလို နောက်ခံလူ ကူကူရယ်လာရဲ့ ဆံပင်ကို ဆွဲခဲ့တဲ့ စပါးကစားသမား ရိုမီရိုတိုရဲ့ လုပ်ရပ်တွေကို ပြစ်ဒဏ်မပေးခဲ့တာတွေနဲ့ပတ်သက်ပြီး ဝေဖန်ခဲ့ တာဖြစ်ပါတယ်။ အဲဒီလိုဝေဖန်မှုတွေကြောင့် အက်ဖ်အေက တူချယ်ကို နောက်ထပ်စွဲချက်တစ်ခု စွဲဆိုခဲ့တာဖြစ်ပြီး တူချယ်အနေနဲ့ လာမယ့် ဩဂုတ် ၂၅ ရက် နောက်ဆုံးထားပြီး ဖြေရှင်းရမှာဖြစ်တယ်လို့ သိရပါတယ်။