FHD+ 90Hz မျက်နှာပြင်ပါတဲ့ realme 9i 5G ကို ကြေညာ

realme က အိန္ဒိယမှာ တန်ဖိုးနည်း 5G ဖုန်း အသစ် realme 9i 5G ကို ကြေညာလိုက်ပါတယ်။ ၆.၆ လက်မ FHD+ 90Hz မျက်နှာပြင် ပါလာပြီး 180Hz Touch Sampling Rate ထောက်ပံ့ထားပါတယ်။ Dimensity 810 5G Chipset မောင်းနှင်ထားပြီး အရွယ်သေး Notch မှာ ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပါတယ်။

1TB micro SD Card စိုက်နိုင်ပြီး Virtual RAM လုပ်ဆောင်ချက်ကနေ 5GB အထိ RAM တိုးမြှင့်နိုင်ပါတယ်။ Android 12 အခြေပြု realme UI 3.0 မောင်းနှင်ထားပြီး 18W Charging ပါတဲ့ အရွယ်ကြီး 5,000mAh ဘက်ထရီ ပါလာပါတယ်။

အနောက်ဘက်မှာ 50MP Main, 2MP Macro , Depth ကင်မရာ ၃ လုံးနဲ့ အရှေ့ဘက်မှာ 8MP ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။ Street Photography Mode 2.0 နဲ့ AI Beauty Filter တွေ ထည့်သွင်းထားပါတယ်။

realme 9i 5G ရဲ့ 4/64GB ကို ၁၄,၉၉၉ ရူပီး၊ 6/128GB ကို ၁၆,၉၉၉ ရူပီး သတ်မှတ်ထားပြီး မြန်မာငွေ ၃၉၀,၀၀၀ နဲ့ ၄၄၀,၀၀၀ ဝန်းကျင် ကျသင့်မှာပါ။ ဒီလ ၂၄ ရက်နေ့ အိန္ဒိယမှာ စတင် ရောင်းချမှာ ဖြစ်ပြီး Metallica Gold နဲ့ Rocking Black ၂ ရောင် ထုတ်လုပ်ထားပါတယ်။

Ref : gizmochina