ကိုဗစ်(၁၉)ရောဂါကုသဆေးဝါး(သောက်ဆေး) ကို PACLOVID ” အမည်ဖြင့် Pacific Medical Industries Ltd(PMI) ဆေးဝါးစက်ရုံမှအောင်မြင်စွာ ထုတ်လုပ်
ကိုဗစ်(၁၉)ရောဂါကုသခြင်းအတွက် နောက်ဆုံး ပေါ်ကုသဆေး(သောက်ဆေး)အား မြန်မာနိုင်ငံသားပိုင် Pacific Medical Industries Ltd ဆေးဝါးစက်ရုံမှ မှ branded generic “PACLOVID ” အမည်ဖြင့် အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ပြီးနောက် သြဂုတ် ၁၀ ရက်က FDA Myanmar ၏ ခွင့်ပြုချက်ရရှိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံအစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဌာန FDA Myanmar မှထောက်ခံစာအမှတ် (2308ND012)ဖြင့် ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း(WHO)အပါအဝင် US FDA , UK MHRA , Korea FDA , Singapore FDA အပါအဝင် ကမ္ဘာ့ဖွံ့ဖြိုးပြီးနိုင်ငံများ၏ ကျန်းမာရေးအဖွဲ့အစည်းများမှလည်း အဆိုပါ PAXLOVID(Nirmatrelvir 150mg; Ritonavir 100mg)ဆေးအား ထောက်ခံထားသည်ဟု သိရသည်။
PAXLOVID(Nirmatrelvir 150mg; Ritonavir 100mg (2)မျိုးပါ)ဗိုင်းရပ်ကုသဆေးအား Pacific Medical Industries Ltd ဆေးဝါးစက်ရုံမှ ပြည်တွင်းပညာရှင်များ၊ နိုင်ငံခြားသားပညာရှင်များ ပူးပေါင်း၍ အဆင့်ဆင့် research & development ပေါင်းများစွာပြုလုပ်ပြီး branded generic PACLOVID (Nirmatrelvir 150mg; Ritonavir 100mg)အမည်ဖြင့် ထုတ်လုပ်အောင် မြင်ခဲ့ခြင်းဖြစ်သည်။
Pacific Medical Industries Ltd (PMI)ဆေးဝါးစက်ရုံသည် ယခင် Delta နှင့် Omicron Covid ပိုးများ ကူးစက်စဉ်ကာလများ၌ FAVIPAC 200 , 400 ၊ MOLNUPAC 200 , 400 တို့အားအရည်အသွေးပြည့်မီစွာထုတ်လုပ်၍ မြန်မာတစ်နိုင်ငံလုံးသို့ ဖြန့် ဖြူးပေးခဲ့သည်။
PACLOVID( Nirmatrelvir 150mg; Ritonavir 100mg)ဆေးသည် ကိုဗစ်(၁၉)ရောဂါကြောင့် ဆေးရုံ တက်ရသည့်နှုန်းလျော့နည်းစေခြင်း၊ ရောဂါဆိုးရွားစွာကူးစက်ခံနေရသူများ စောလျင်စွာကုသနိုင်ပါက သေဆုံးမှုနှုန်းအား ၉၀ ရာခိုင်နှုန်းအထိလျော့ချနိုင်ခြင်း၊ delta နှင့် omicron မျိုး စိတ်များအား (ဓါတ်ခွဲစမ်းသပ်ချက်အရ)အောင်မြင်စွာကုသနိုင်ခြင်း၊ အသက် ၁၂ နှစ် အထက် ကိုယ်အလေးချိန် 40 kg အထက် ကလေးများအား ကုသမှုပေးနိုင်ခြင်း ကောင်းကျိုးများရှိသည့် သောက်ဆေးဖြစ်ကြောင်း သိရသည်။
ထို့ပြင် PACLOVID(Nirmatrelvir 150mg; Ritonavir 100mg)ဆေးသည် ဆရာဝန်ညွှန်ကြားချက်နှင့် သောက်သုံးရသည့် (Prescription Only Medicine – POM)ဆေးအမျိုးအစားဖြစ်ကြောင်း သိရသည်။
source: popularjournal