သံဃာအပါး ၅၀၀ ဆွမ်းလောင်းပွဲတွင် စစ်တွေမြို့ပြည်ခိုင်ဖြိုး ပါဝင်လှူဒါန်း

စစ်တွေ၊ သြဂုတ် ၁၀

စစ်တွေမြို့တွင် သံဃာအပါး ၅၀၀ အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန့် သြဂုတ်လ ၁၀ ရက်နေ့ နေ့လည် ၂ နာရီ က ပြုလုပ်ခဲ့ကြသည်။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးသည့် အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို စစ်တွေမြို့ဘောလုံးကွင်းရပ်ကွက် လောကာနန္ဒာစေတီတော်၌  ကျင်းပခဲ့ကြရာ စစ်တွေမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကမှလည်း ပါဝင်လှူဒါန်းဒါနပြုခဲ့ကြသည်။

ဆွမ်းစိမ်းလောင်းလှူဒါနပြုကြရာသို ပြည်နယ်ကော်မတီဝင်(စစ်တွေမြို့နယ်တာဝန်ခံ)ဒေါ်အေးမာခင်၊ ခရိုင် အမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်အေးအေးစိန်၊ စစ်တွေမြို့နယ်ပါတီဥက္ကဋ္ဌဦးကျော်စိန်နှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ လူငယ်ရေးရာကော်မတီဝင်များနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များမှ လုပ်အားဒါန ပါဝင်လှူဒါန်း ခဲ့ကြသည်။