အမျိုးသမီးယူရိုပြိုင်ပွဲ ရွေဖိနပ်ဆုနဲ့ အကောင်းဆုံးကစားသမားဆုကို အင်္ဂလန်တိုက်စစ်မှူး ဘက်မက်ဒ် ရရှိ

ဥရောပအမျိုးသမီးဘောလုံးပြိုင်ပွဲမှာ ဂိုးသွင်း အများဆုံးဆုရရှိခဲ့တဲ့ အင်္ဂလန်တိုက်စစ်မှူး ဘက်မက်ဒ်က ယူရို ၂၀၂၂ ရဲ့ အကောင်းဆုံး ကစားသမားအဖြစ်လည်း သတ်မှတ်ခံခဲ့ရပါတယ်။ မက်ဒ်က ဂျာမနီမှ တိုက်စစ်မှူး အလက်ဆန်ဒရာပေါ့နဲ့ ခြောက်ဂိုးချင်းတူနေပေမယ့်လည်း ဂိုးဖန်တီးမှုငါးကြိမ်လည်း လုပ်ဆောင်ခဲ့လို့ ရွှေဖိနပ်ဆုကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဂျာမနီတိုက်စစ်မှူးနဲ့ အသင်း‌ခေါင်းဆောင်ပေါ့က ဒဏ်ရာရသွားခဲ့လို့ ဗိုလ်လုပွဲနဲ့ လွဲချော်ခဲ့ရပါတယ်။ အင်္ဂလန်အတွက် သမိုင်းဝင်နေ့မှာ မက်ဒ်ရဲ့အသင်းက ရှစ်ကြိမ်ချန်ပီယံ ဂျာမနီကို အချိန်ပိုမှာ ၂-၁ ဂိုးနဲ အနိုင်ရခဲ့ပါတယ်။ ဒက ၁၉၆၆ ခုနှစ်က အင်္ဂလန်အသင်း ကမ္ဘာ့ဖလားရပြီးနောက်ပိုင်း နောက်ထပ်ကြီးမားတဲ့ အောင်မြင်မှုပဲ ဖြစ်ပါတယ်။

မက်ဒ်က အင်္ဂလန်ရဲ့ပွဲလေးပွဲမှာ ဂိုးသွင်းယူခဲ့ပြီး ဇူလိုင် ၁၁ ရက်က နော်ဝေဘက်ကို သုံးဂိုးသွင်းယူတာလည်း ပါဝင်ခဲ့ပါတယ်။ “ကျွန်မ မယုံနိုင်ပါဘူး ။ တစ်ခါတလေ ဘောလုံးက မင်းကို ဆွဲချပါတယ်။ ဒါပေမယ့် ပြန်ရုန်းထနိုင်တာက အကောင်းဆုံးပါပဲ။ ကျွန်မပြောစရာစကားမရှိပါဘူး။”လို့ အိုလံပစ်အသင်းကနေ ချန်လှပ်ခံခဲ့ရတဲ့ အာဆင်နယ်အမျိုးသမီးအသင်း တိုက်စစ်မှူး ၂၇ နှစ်အရွယ် မက်ဒ်က ဆိုပါတယ်။ ဂျာမနီက အသက် ၂၀ အရွယ်ကွင်းလယ်လူ လီနာ အိုဘာဒေါ့ဖ်က ပြိုင်ပွဲရဲ့အကောင်းဆုံးလူငယ်အဖြစ် သတ်မှတ်ခံရပါတယ်။